နေ့စဉ် ခွန်အားအတွက် Ensure Gold®

Ensure Powder

Title
Ensure Gold® StrengthPro® Vanilla
Description

Ensure® Gold StrengthPro® ၏ နှစ်မျိုးပေါင်းအာနိသင်နှင့် ဖော်မြူလာအသစ်တွင် ကြွက်သား တည်ဆောက်မှုကို အထောက်အကူပြုသော ပရိုတင်းနှင့် HMB တို့အပြင် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသော အသစ်ဖြစ်သည့် YBG နှင့်
ကိုယ်ခံစွမ်းအားအတွက် အာဟာရဓာတ် ၁၀မျိုးတို့ တမူထူးခြားစွာ
ပါဝင်လာပါသည်။

၃၈၀ ဂရမ်နှင့် ၈၀၀ဂရမ်အား ရရှိနိုင်ပါသည်။

ရရှိနိုင်သော အရသာ

ဗင်နီလာ

မျှတသော အာဟာရနှင့်အတူ အာဟာရ အုတ်မြစ်ကို
ခိုင်မာစေခြင်း

လက်တွေ့လေ့လာစမ်းသပ်မှု (၃၀) ကျော်နှင့်အတူ နှစ်ပေါင်း ၅၀ ကြာ အာဟာရထောက်ပံ့မှုနှင့် Ensure® သည် မျှတသော အာဟာရကို ပေးစွမ်းရန် အဓိက အာဟာရဓာတ် ၃၄ မျိုးဖြင့် သိပ္ပံနည်းကျ ဖော်စပ်ထားပါသည်။ အာဟာရအုတ်မြစ်ကို ခိုင်မာစေပြီး သန်မာဖျတ်လတ်စွာ နေထိုင်နိုင်ရန်အတွက် ဤကောင်းမွန်လှသောအရသာရှိသည့် သောက်သုံးစရာကို နေ့စဉ် အစားအသောက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းသောက်သုံးခြင်းဖြင့် သင်၏ အာဟာရအုတ်မြစ်ကို မြှင့်တင်လိုက်ပါ။

Product
နေ့စဉ်ခွန်အားနှင့်
ကိုယ်ခံစွမ်းအားအတွက်
နှစ်မျိုးပေါင်းအာနိသင်နှင့်
ဖော်မြူလာအသစ်
  • ကြွက်သားတည်ဆောက်မှုကို ထောက်ပံ့ပေးရန် HMB နှင့် ပရိုတင်း^ 
  • ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးရန်အတွက် အသစ်ပါဝင်လာသော Yeast Beta Glucan (YBG) နှင့် အရေးကြီးသော အာဟာရဓာတ်
    (၁၀) မျိုး
Product

နေ့စဉ်ခွန်အားအတွက် အာဟာရ

  • ကြွက်သားတစ်သျှူးနှင့် ကြီးထွားမှုကို ထောက်ပံ့ပေးသည့် HMB နှင့် အရည်အသွေးမြင့် ပရိုတင်း သုံးမျိုး (Casein, Soy, Whey)
  • HMB သည် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ် Leucine ၏ ဇီဝဖြစ်ပျက်မှုမှ ရရှိသော ဒြပ်ပေါင်း တစ်ခုဖြစ်ပြီး ၎င်း၏ပမာဏသည် အသက်ကြီးလာသည်နှင့်အမျှ ကျဆင်းသွားနိုင်သည်။
  • အရိုးသန်မာမှုနှင့် ပုံမှန်ကြွက်သားများကို ထိန်းသိမ်းရန် ဗီတာမင် ဒီ၊ သန်မာသောအရိုးများအတွက် ကယ်လ်စီယမ်နှင့် ဖော့စ‌ဖောရပ်စ်

  • Yeast Beta Glucan နှင့်အတူ၊
  • ပုံမှန်ကိုယ်ခံစွမ်းအားလုပ်ဆောင်ချက်အတွက် ဗီတာမင် အေ၊ ဘီ၆၊ ဘီ၁၂၊ စီ၊ သံဓာတ်၊ ဇင့် နှင့် ဆီလီနီယမ်

  • အဓိက အာဟာရ (၃၄) မျိုး နှင့်အတူ မျှတသော
  • စွမ်းအင်ထုတ်လွှတ်မှုအတွက် ဗီတာမင် ဘီ၁၊ ဘီ၃၊ ဘီ၆ နှင့်ဘီ၁၂
  • မောပန်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချရန် ကူညီပေးသော ဗီတာမင် ဘီ၁၂ နှင့် စီ
  • ကောင်းမွန်သောဘက်တီးရီးယားများ ပွားများမှုကို အားပေးရန်နှင့် ကျန်းမာသော အစာချေစနစ်ကို ထိန်းသိမ်းကူညီပေးရန်
    ပရီဘိုင်အိုတစ် FOS

  • polyunsaturated fatty acids (အိုမီဂါ - ၃ နှင့် ၆)၊ Monounsaturated fatty acids (အိုမီဂါ - ၉) နှင့်အတူ ကောင်းမွန်သောအဆီရောစပ်မှု နှင့် နည်းပါးသည့် ပြည့်ဝဆီ
  • ကိုလက်စထရော (Cholesterol) ကင်းသော၊ အသွင်ပြောင်းဆီ (Trans fat) ကင်းသော၊ လက်တို့စ် (Lactose) ကင်းသော၊ ဂလူတန် (Gluten) ကင်းသော

အာဟာရဆိုင်ရာစာရင်း

ပြည့်စုံသော အာဟာရ ဆိုင်ရာစာရင်းကို ကြည့်ရှုပါ

NUTRIENTS Per 100mlPer 230ml Serve
Energy (INT)kcal114262
Proteing4.5710.50
Fatg3.698.48
Saturated fatty acidsg0.410.95
Monounsaturated fatty acidsg2.255.18
Oleic acid (Omega-9)g2.255.18
Polyunsaturated fatty acidsg0.932.14
α-linolenic acid (Omega-3)g0.080.18
Linoleic acid (Omega-6)g0.691.58
Trans fatty acidsg0.070.15
Cholesterolg0.0040.009
Carbohydrateg14.8134.06
Total Sugarg3.297.58
Sucroseg1.583.64
Lactoseg0.340.79
Dietary Fiberg1.142.63
Oligofructose (FOS)g1.092.50
Yeast Beta Glucanmg54.4125.0
CaHMBg0.320.74
Taurinemg11.326.1
L-carnitinemg10.023.0
VITAMINS   
Vitamin A (palmitate)IU395909
Vitamin A (β-carotene)IU53121
Vitamin D3IU135310
Vitamin EIU3.47.9
Vitamin K1mcg8.720.0
Vitamin Cmg15.736.0
Folic acidmcg3479
Vitamin B1mg0.210.48
Vitamin B2mg0.210.48
Vitamin B6mg0.270.61
Vitamin B12mcg0.400.91
Niacinmg NE1.613.71
Pantothenic acidmg1.112.55
Biotinmcg4.710.9
Cholinemg35.882.4
MINERALS   
Sodiummg84194
Potassiummg177406
Chloridemg119273
Calciummg119273
Phosphorusmg69158
Magnesiummg29.166.9
Ironmg1.162.67
Zincmg1.162.67
Manganesemg0.370.85
Coppermcg75173
Iodinemcg16.938.8
Seleniummcg5.813.3
Chromiummcg6.013.9
Molybdenummcg11.125.5

*Ensure Gold® StrengthPro® Vanilla အမှုန့် ၆ ဇွန်း သို့မဟုတ် ၆၀.၆ ဂရမ် ကို အခန်းအပူချိန်ရှိ ကျိုချက်ထားသော ရေ ၁၈၅ မီလီလီတာနှင့် ဖျော်စပ်မှုအပေါ် အခြေခံထားပါသည်။ 

အလွယ်တကူပြင်ဆင်ခြင်း

အဆင့်(၁)

ကြိုတင်ဆူပွက်အောင် တည်ထားသော အခန်းအပူချိန်ရှိသော ရေ ၁၈၅ မီလီလီတာကို ဖန်ခွက်တစ်ခုထဲသို့ လောင်းထည့်ပါ။

အဆင့်(၂)

အမှုန့် (၆) ဇွန်း (ဘူးထဲတွင် ပါရှိသောဇွန်း) သို့မဟုတ် ၆၀.၆ ဂရမ်ကို ထည့်ပါ။

အဆင့်(၃)

အမှုန့်ပျော်ဝင်စေရန် သေချာစွာမွှေပါ သို့မဟုတ် လှုပ်ခါပါ။

အရေးကြီးသော သတိပေးချက်

အာဟာရချို့တဲ့သော အရွယ်ရောက်ပြီးသူများအတွက်၊ အစာပိုက်ဖြင့် တိုက်ကျွေးရန်အတွက်နှင့် ခွဲစိတ်မှုမပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်၏ ကြီးကြပ်မှုအောက်တွင် အသုံးပြုရန် ဖြစ်ပါသည်။ Galactosemia ရောဂါ၌ မသုံးရပါ။ အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ ညွှန်းဆိုခြင်းမရှိပဲ ကလေးများတွင် သုံးရန်မဟုတ်ပါ။ အကြောထဲသို့ ထိုးသွင်းရန်အတွက် မဟုတ်ပါ။ နို့နှင့် ဓာတ်မတည့်သူများအတွက် မသင့်လျော်ပါ။

အမေးများသောမေးခွန်းများ

Ensure Gold® StrengthPro® ကို မည်သည့်အရွယ်မှစပြီး သောက်သုံးသင့်သလဲ။

Ensure Gold® StrengthPro® ကို အသက် (၁၈)နှစ်နှင့် (၁၈)အထက် လူကြီးလူငယ်မရွေး သောက်သုံးနိုင်ပါတယ်။

Ensure Gold® StrengthPro®သည် အစာအစားထိုးစာ တစ်ခု ဖြစ်ပါသလား။

ရပါတယ်။ Ensure Gold® StrengthPro® သည် အာဟာရပြည့်ဝမျှတမှုရှိပါတယ်။ အစားအစာနှင့်သော်လည်းကောင်း၊ သို့မဟုတ် အစားအစာတစ်ကြိမ်နှင့်တစ်ကြိမ်ကြား ဖြည့်စွက်စာတစ်ခုအဖြစ်သော်လည်းကောင်း၊ သို့မဟုတ် အစာအစားထိုးစာတစ်ခုအနေနဲ့သော်လည်းကောင်း သောက်သုံးနိုင်ပါတယ်။ ပြွန်မှတဆင့် အစာဖြည့်ပေးခြင်း (Tube feeding) အတွက်လည်း သင့်တော်ပါတယ်။

Ensure Gold ® StrengthPro® သည် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သင့်လျော်ပါသလား။

Ensure Gold® StrengthPro® ကို ဆီးချိုသွေးချိုရောဂါမရှိသူများအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Abbott Nutrition ၏ အခြားထုတ်ကုန်တစ်မျိုးဖြစ်သည့် Glucerna® ကိုတော့ ဆီးချိုသွေးချိုရောဂါရှိသူများအတွက် အထူးထုတ်လုပ်ထားပြီး၊ ၎င်းတွင် တဖြည်းဖြည်းချင်းအစာခြေပေးသည့် ကစီဓာတ်နှင့် နည်းပါးသော သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (low GI) ပါဝင်ပါတယ်။

Ensure Gold® StrengthPro® သည် ကင်ဆာရောဂါရှိသူများအတွက် သင့်လျော်ပါသလား။

ရပါတယ်။ Ensure Gold® StrengthPro® သည် ကင်ဆာရောဂါရှိသူများ၏ ပိုမိုမြင့်မားသောစွမ်းအင်လိုအပ်ချက်များကို ထောက်ပံ့ရန် အထူးကောင်းမွန်သောအာဟာရဆိုင်ရာ ကယ်လိုရီအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ကြွက်သားတစ်သျှူးတည်ဆောက်ခြင်းကို ပံ့ပိုးပေးရန် HMB နှင့် အရည်အသွေးမြင့် ပရိုတင်းလည်း ပါဝင်ပါတယ်။

Abbott မှ ထုတ်လုပ်ထားသည့် အာဟာရဖြည့်စွက် ထုတ်ကုန်တစ်ခုဖြစ်သည့် ProSure® အား ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ဆုံးရှုံးနိုင်ချေရှိသူများ သို့မဟုတ် ကိုယ်အလေးချိန်ဆုံးရှုံးနေသူများအတွက် အထူးထုတ်လုပ်ထားပါတယ်။ တစ်ကြိမ်စာ၌ ၁.၁ ဂရမ် EPA^ ပါဝင်သည့် သိပ်သည်းသော စွမ်းအင်နှင့် မြင့်မားသောပရိုတင်းဖော်မြူလာတို့ ပေါင်းစပ်ထားပါတယ်။ Ensure® သို့မဟုတ် ProSure® မည်သည်က သင့်အတွက် သင့်တော်မည်ကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

^EPA - EicosaPentaenoic Acid (ငါးကြီးဆီမှ ရရှိလာသော အိုမီဂါ - ၃ ဖက်တီးအက်ဆစ်)
 

Ensure Gold® StrengthPro® အရသာသည် ချိုပါသလား။

Ensure Gold® StrengthPro® သည် နှစ်လိုဖွယ်ကောင်းသော အချိုအရသာ ရှိပါတယ်။ Vanilla အနံ့ဖြင့်ထုတ်လုပ်ထားသော Ensure Gold® StrengthPro®တစ်ခွက် (230mL) ၌ သကြား ပါဝင်မှုမှာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲသာ ဖြစ်ပါတယ်။ ယင်းမှာ အလယ်အလတ် အရွယ်အစားရှိသော ပန်းသီး၊ သစ်တော်သီးနှင့် မက်မွန်သီးများကဲ့သို့သော ကျွန်ုပ်တို့ကြိုက်နှစ်သက်သော အသီးအနှံများ၏ သကြားပမာဏထက်ပင် နည်းပါသေးတယ်။

ဤ အာဟာရဓာတ်ပြည့်ဝပြီး ပြည့်စုံမျှတသော အာဟာရဖြည့်စွက်စာ၏ အရသာကို ပိုမိုကောင်းမွန်စေရန်အတွက် သကြားကို Ensure Gold® StrengthPro® ထည့်သွင်းထားခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် ၎င်း၏အရသာရှိသော ကောင်းမွန်မှုအားလုံးကို သင်ခံစားနိုင်ပါတယ်။