Abbott အကြောင်း

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏ သိပ္ပံနည်းကျ သုတေသနနှင့် ဆန်းသစ်တီထွင်မှုအပေါ် ခိုင်မာသော စိတ်အားထက်သန်မှုသည် ကလေးဘဝမှစ၍ ကျန်းမာရေးကို ကောင်းစေရန်နှင့် ထိန်းသိမ်းကူညီပေးနိုင်ရန် အာဟာရကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများအဖွဲ့မှ နေ့စဉ် စေ့ဆော်လျက်ရှိပါသည်။

အာဟာရ သိပ္ပံပညာ၊ သုတေသနနှင့် တီထွင်ဖန်တီးမှုတို့တွင် ဦးဆောင်သူတစ်ဦးအနေဖြင့်၊ ကမ္ဘာတစ်ဝန်းရှိ လူများ၏ ပြောင်းလဲနေသော လိုအပ်ချက်များနှင့် ကိုက်ညီသည့် အာဟာရထုတ်ကုန်များနှင့် ပညာပေးမှုများကို ပေးစွမ်းရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။

Banner
Banner
Banner

ဘဝကို ပြောင်းလဲပေးမည့် နည်းပညာများ ဖန်တီးခြင်း

လူအများ ၎င်းတို့၏ ဆီးချိုသွေးချိုရောဂါကို စီမံခန့်ခွဲရာတွင် လက်ထိပ်များသွေးဖောက်စစ်ဆေးသည့် ပုံမှန်နာကျင်မှုကို ဖယ်ရှားပေးခြင်းမှစ၍ နှလုံးကို စောင့်ကြည့်သည့် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များဖြင့် လူနာများကို ဆရာဝန်များနှင့် ချိတ်ဆက်ပေးခြင်းအထိ၊ နာတာရှည် နာကျင်မှုနှင့် လှုပ်ရှားမှုဆိုင်ရာ ပြဿနာများကို သက်သာစေခြင်းမှစ၍ ကျန်းမာသောသွေးအလှူရှင်များ ရရှိစေရန်အတွက် ကမ္ဘာ့သွေးလှူဒါန်းမှု၏ ထက်ဝက်ကို စစ်ဆေးပေးခြင်းအထိ၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ဘဝကို ပြောင်းလဲပေးမည့် ကျန်းမာရေး နည်းပညာများကို လိုအပ်သူများထံသို့ ယူဆောင်လာပေးခြင်းဖြင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာတစ်ခု ဖြစ်လာစေရန် ဖြစ်ပါသည်။ ထိုအရာသည် သင်၏ အကောင်းဆုံးသော ဘဝကို နေထိုင်နိုင်ရန် ကူညီပေးရန်အတွက် ကျွန်ုပ်တို့၏ ကတိကဝတ် ဖြစ်ပါသည်။

Banner Banner Banner
ကျွန်ုပ်တို့
အကျန်းမာဆုံး ဖြစ်သည့်အခါ ဘဝ၏ ပေးစွမ်းလာသော အရာအားလုံးကို ထုတ်ဖော်နိုင်ပါသည်။

ကျွန်ုပ်တို့အားလုံးသည် ပြည့်ပြည့်ဝဝ နေထိုင်ခြင်း၏ အဓိပ္ပာယ်ကို ကိုယ်ပိုင်တမူထူးခြားသည့် အတွေးအမြင်များ ရှိကြသော်လည်း၊ ကျွန်ုပ်တို့ မျှဝေခံစားသည့် အရာတစ်ခု ရှိပါသည်။ ၎င်းမှာ ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် မိမိတို့ တတ်နိုင်သမျှ အကောင်းဆုံးသော ဘဝကို နေထိုင်လိုခြင်း ဖြစ်သည်။ တစ်ဦးချင်းစီအနေဖြင့်နှင့် အသိုင်းအဝိုင်းများအနေဖြင့်နှစ်ခုစလုံး၌ ပြည့်ပြည့်ဝဝ နေထိုင်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေရာတွင် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်လိုက်ပါ။

Banner Banner Banner

ပိုမိုကျန်းမာပြီး ရှင်သန်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း

ဆန်းသစ်တီထွင်သော၊ တာဝန်ယူမှုရှိသော၊ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် လုပ်ဆောင်သမျှ အရာတိုင်းတွင် နေရာတိုင်း၌ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဖူလုံရေးတို့ကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Banner Banner Banner

Scan. Earn. Redeem!

SCAN. EARN. REDEEM ဆိုပြီး အလွယ်တကူပြုလုပ်၍ ​
ရသည့် Abbott Family Rewards Program ပုံစံအသစ်​
တစ်ခုက ရောက်ရှိလာခဲ့ပါပြီ။ Abbott Family Reward ​
ဆိုသည်မှာ ပွိုင့်များအား စုဆောင်းပြီး သင်နှင့် သင့်မိသားစု​
အတွက် လိုအပ်သည့် Abbott ထုတ်ကုန်များအတွက် ​
တစ်နေရာတည်း၌ လက်ဆောင်များ ပြန်လည်စုဆောင်း​
နိုင်မည့် နေရာတစ်ခုဖြစ်ပါသည်။ ရရှိထားသည့်ပွိုင့်များကို ​
မိသားစုတစ်ခုလုံးအတွက် လိုအပ်သည့် Abbott ​
ထုတ်ကုန်များ^အား redeem လုပ်ရာ၌ အသုံးပြု၍ ရနိုင်ပါ​
သည်။ သင်၏ Abbott ထုတ်ကုန်များကို ဝယ်ယူရာ၌ ​
QR code ကို ရိုးရှင်းစွာဖတ်ပြီး ပွိုင့်များအား ​
စတင်ရယူနိုင်ပါသည်။ ​

^ ရရှိနိုင်သည့်ပစ္စည်းများစာရင်းအတွက် ဆုလက်ဆောင် catalogue သို့ရည်ညွှန်းပါ။ ဆုလက်ဆောင်လဲလှယ်ရာ၌ ပစ္စည်းရရှိမှုအပေါ်မူတည်ပြီး Abbott ၏ထုတ်ကုန်များစာရင်းအရ လဲလှယ်ရယူနိုင်သည်။
* လက်ရှိအချိန်၌ Ensure Gold® StrengthPro® (Vanilla (380g, 800g)) နှင့် Glucerna® Triple Care (Vanilla (400g) powder တို့ကိုသာ ရရှိနိုင်ပါသည်။ ပါဝင်သည့်ထုတ်ကုန်များသည် ဘူး၏အောက်ခြေ သို့မဟုတ် ဘူးခွံ၏ထိပ်တွင် QR ကုဒ်ကို ရိုက်နှိပ်ထားခြင်း ပါရှိရမည်။

Banner Banner

ထုတ်ကုန်များ စာရင်း

MMR.2025.67761.AND.1 (v1.0)