(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ အတည်ပြုပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ဆဲဥပဒေများနှင့်အညီ ပြင်ဆင်ထားသည်။)
ဤ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ မူဝါဒသည် မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် အကျိုးသက်ရောက်မှု ရှိပါသည်။ Abbott ၏ ဝက်ဘ်ဆိုက်များ (websites) ကို အသုံးပြုခြင်း သို့မဟုတ် သင်၏ ကိုယ်ရေးအချက်အလက်များကို တင်သွင်းခြင်းအားဖြင့်၊ သင်သည် မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဆိုက်ဘာလုံခြုံရေး ဥပဒေ (Cybersecurity Law 2025)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (Electronic Transactions Law) နှင့် အခြားသက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ Abbott က သင်၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်း (collect)၊ လုပ်ဆောင်ခြင်း (process)၊ ထိန်းသိမ်းထားရှိခြင်း (store) နှင့် လွှဲပြောင်းခြင်း (transfer) တို့ကို ပြုလုပ်နိုင်သည်ကို လက်ခံကြောင်းနှင့် သဘောတူကြောင်း အသိပေးအပ်ပါသည်။ ဥပဒေအရ တောင်းဆိုလာပါက Abbott သည် ခွင့်ပြုချက်ရရှိထားသော မြန်မာအစိုးရ အဖွဲ့အစည်းများ (government agencies) ထံ သင်၏ ကိုယ်ရေးအချက်အလက်များကို ပေးအပ်ရန် တာဝန်ရှိနိုင်သည်။ အကယ်၍
သင်သည် အခြားနိုင်ငံတွင် နေထိုင်သူဖြစ်ပါက သက်ဆိုင်ရာ အချက်အလက်များအတွက် ဤနေရာတွင် နှိပ်ပါ။
ဤကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာမူဝါဒသည် Abbott Laboratories Company Limited (၎င်း၏ လုပ်ငန်းခွဲများ နှင့် တွဲဖက်ကုမ္ပဏီများ အပါအဝင်)မှ ထိန်းချုပ်ထားသော ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များမှတစ်ဆင့် သင်ပံ့ပိုးပေးသော အချက်အလက်များကို Abbott မှ မည်သို့ လုပ်ဆောင်သည်ကို ဖော်ပြထားသည်။ ဤမူဝါဒသည်
အင်တာနက်ကို အသုံးမပြုဘဲ စုဆောင်းထားသော ကိုယ်ရေးအချက်အလက်များ၊ မြန်မာနိုင်ငံမှလွဲ၍ အခြားနိုင်ငံများတွင် နေထိုင်သူများနှင့်/သို့မဟုတ် Abbott က
လင့်ခ်ချိတ်ထားသည့် အခြားအဖွဲ့အစည်းပိုင် ဝက်ဘ်ဆိုက်များအတွက် အကျိုးသက်ရောက်မှု မရှိပါ။ ဤကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာမူဝါဒနှင့် ချိတ်ဆက်ထားသော Abbott ဝန်ဆောင်မှုများကို သင်အသုံးပြုခြင်းသည် ဤမူဝါဒနှင့် အသုံးပြုမှုစည်းကမ်းသတ်မှတ်ချက်များအပေါ် မူတည်သည် ။
Abbott ၏ ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးမပြုမီ သို့မဟုတ် ကျွန်ုပ်တို့ထံ ကိုယ်ရေးအချက်အလက်များ မပေးပို့မီ ဤကိုယ်ရေးအချက်အလက် လုံခြုံရေးမူဝါဒကို သေချာစွာ ဖတ်ရှုရန် လိုအပ်ပါသည်။
တစ်ခါတစ်ရံတွင် Abbott သည် အက်ပ်များ၊ အထူးအစီအစဉ်များ၊ လှုပ်ရှားမှုများ၊ ပွဲများ သို့မဟုတ် အရောင်းမြှင့်တင်မှုများ (“အစီအစဉ်များ”) ကို ကမ်းလှမ်းနိုင်ပြီး ၎င်းတို့တွင် သင်၏အချက်အလက်များကို အစီအစဉ်များနှင့် ဆက်စပ်၍ မည်သို့ လုပ်ဆောင်မည်ကို ရှင်းပြထားသည့် သီးခြား သို့မဟုတ် ထပ်ဆောင်း စည်းကမ်းသတ်မှတ်ချက်များ၊ ကိုယ်ရေးအချက်အလက် လုံခြုံရေး သတိပေးချက်များ နှင့်/သို့မဟုတ် သဘောတူညီချက် ဖောင်များ ပါဝင်နိုင်သည်။ အစီအစဉ်များတွင် အပြန်အလှန် ဆက်သွယ်ခြင်း သို့မဟုတ် ပါဝင်ခြင်းမပြုမီ သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို သင်သုံးသပ်သင့်သည်။