စည်းကမ်းနှင့်သတ်မှတ်ချက်များ
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ အတည်ပြုပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ဆဲဥပဒေများနှင့်အညီ ပြင်ဆင်ထားသည်။)
ဤအွန်လိုင်းအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များသည် Abbott Laboratories ၏ ထိန်းချုပ်မှုအောက်ရှိ ဝက်ဘ်ဆိုက်များ (၎င်း၏ လက်အောက်ခံ ကုမ္ပဏီများနှင့် မိတ်ဖက် ကုမ္ပဏီများအပါအဝင်၊ အားလုံးကို “Abbott” ဟု ရည်ညွှန်းသည်) သို့ သင် ဝင်ရောက်အသုံးပြုခြင်းနှင့် သက်ဆိုင်ပါသည်။ ဤစည်းကမ်းချက်များသည် ဤအွန်လိုင်း အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ နှင့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုက်များ (အားလုံးကို “Abbott ဝက်ဘ်ဆိုက်များ” ဟု ရည်ညွှန်းသည်) နှင့် သက်ဆိုင်ပါသည်။
ဤအွန်လိုင်း အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များသည် ဤစည်းကမ်းချက်များနှင့် ချိတ်ဆက်ထားခြင်းမရှိသော Abbott ဝက်ဘ်ဆိုက်များ၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများ သို့မဟုတ် Abbott ဝက်ဘ်ဆိုက်များမှ ချိတ်ဆက်နိုင်သည့် ပြင်ပအဖွဲ့အစည်း ဝက်ဘ်ဆိုက်များ နှင့် သက်ဆိုင်ခြင်း ရှိမည်မဟုတ်ပါ။ သင်၏ Abbott
ဝက်ဘ်ဆိုက်များ အသုံးပြုမှုသည် ဤအွန်လိုင်းအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာမူဝါဒ (Privacy Policy) တို့၏
စည်းကမ်းချက်များအတွင်းတွင် ရှိပါသည်။
သက်ဆိုင်ရာ ဥပဒေအောက်ရှိ သင်၏ အခွင့်အရေးများကို မထိခိုက်စေဘဲ Abbott သည် နည်းပညာ တိုးတက်မှုများ၊ ဥပဒေနှင့် စည်းမျဉ်းများဆိုင်ရာ ပြောင်းလဲမှုများနှင့် ကောင်းမွန်သော စီးပွားရေး လုပ်ထုံးလုပ်နည်းများကို ထင်ဟပ်စေရန် ဤအွန်လိုင်းအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များကို ပြင်ဆင်ရန် အခွင့်အရေးရှိမည်ဖြစ်သည်။ Abbott သည် ဤအွန်လိုင်းအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များကို ပြောင်းလဲပါက၊ နောက်ဆုံးပေါ် ပြင်ဆင်ထားသော ဗားရှင်းတွင် ထိုပြောင်းလဲမှုများကို ဖော်ပြမည်ဖြစ်ပြီး၊ ဤအွန်လိုင်း အသုံးပြုမှု စည်းကမ်းချက်များ၏ ထိပ်တွင် အတည်ပြုသည့်နေ့စွဲ (effective date) ကို ပြင်ဆင်တင်ပြခြင်းဖြင့် ထိုသို့သော ပြောင်းလဲမှုများကို သင့်အား အသိပေးမည်ဖြစ်ပါသည်။ Abbott ဝက်ဘ်ဆိုက်များကို ဝင်ရောက်အသုံးပြုခြင်းဖြင့် သင်သည် ဤအွန်လိုင်းအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ၏ လက်ရှိဗားရှင်းကို ဖတ်ရှု၊ နားလည်ပြီး၊ လိုက်နာရန် သဘောတူကြောင်း သဘောတူသည်ဟုမှတ်ယူပါသည်။ အကယ်၍ သင်သည် ဤအွန်လိုင်း အသုံးပြုမှု စည်းကမ်းချက်များကို သဘောမတူပါက၊ သို့မဟုတ် Abbott ဝက်ဘ်ဆိုက်များအပေါ် စိတ်ကျေနပ်မှုတစုံတရာ မရှိပါက၊ သင့်အတွက် တစ်ခုတည်းသော သီးသန့်လုပ်ဆောင်နိုင်မှုမှာ Abbott ဝက်ဘ်ဆိုက်များကို ဆက်လက် အသုံးပြုခြင်းအား ရပ်ဆိုင်းရန် ဖြစ်ပါသည်။