အမေးများသောမေးခွန်းများ
Abbott မိသားစုလက်ဆောင် အစီအစဉ်ဆိုတာဘာလဲ။
Abbott မိသားစုလက်ဆောင်အစီအစဉ်မှာ ကျွန်ုပ် ဘာကြောင့်ပါဝင်သင့်တာလဲ။
ပါဝင်သူတိုင်းအား Abbott ရဲ့ ထုတ်ကုန်များကို ပုံမှန်အသုံးပြုသူတစ်ဦးအနေနဲ့ တန်ဖိုးထားပါတယ်။ Abbott မိသားစုလက်ဆောင် အစီအစဉ်မှာ ပါဝင်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ ထုတ်ကုန်တိုင်းကို ဝယ်ယူတိုင်း Scan ဖတ်ပြီး လက်ဆောင်ပွိုင့်များကို ရယူနိုင်မည်ဖြစ်ပါတယ်။ မိမိစုဆောင်းထားသော ပွိုင့်များဖြင့် အစီအစဉ်မှ ပေးအပ်သွားမည့် မည်သည့်လက်ဆောင်ကိုမဆို လဲလှယ်နိုင်မှာပဲ ဖြစ်ပါတယ်။
Abbott မိသားစုလက်ဆောင် အစီအစဉ်မှာ ပါဝင်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသလဲ။
မိမိစုဆောင်းထားသော ဆုလက်ဆောင်ပွိုင့်များအား အစီအစဉ်၌ ပေးအပ်သွားမည့် မည့်သည့်ဆုလက်ဆောင်ကိုမဆို လဲလှယ်နိုင်ပါတယ်။
ဆုလက်ဆောင်ပွိုင့်စနစ်က ဘယ်လို အလုပ်လုပ်ပါသလဲ။
ဆုလက်ဆောင်ပွိုင့်များကို Abbott ထုတ်ကုန်များ (သတ်မှတ်ထားသည့် ထုတ်ကုန်များသာ) ဝယ်ယူသည့်အခါတိုင်း QR Code ကို Scan ဖတ်ပြီး ရယူနိုင်ပါတယ်။ ဥပမာ - (၈၀၀) ဂရမ် Ensure® Gold ထုတ်ကုန်အတွက် ဆုလက်ဆောင်ပွိုင့် (၄၂၀) နှင့် (၃၈၀) ဂရမ် Ensure® Gold ထုတ်ကုန်အတွက် ဆုလက်ဆောင်ပွိုင့် (၂၀၀) ရယူနိုင်ပါတယ်။ ရရှိလာသော ဆုလက်ဆောင်ပွိုင့်များကို ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ Abbott အနေဖြင့် ကြိုတင်အသိပေးစရာမလိုဘဲ တွဲဖက်ထားသော ထုတ်ကုန်တစ်ခုစီတိုင်း၏ ဆုလက်ဆောင်ပွိုင့်များအား ပြောင်းလဲ/ ပြင်ဆင်နိုင်ခွင့် ရှိပါတယ်။
ပါဝင်သူအနေဖြင့် ဝယ်ယူမှုအားလုံး၏ မူရင်းပြေစာများကို ဆုလက်ဆောင်ပွိုင့်များ မိမိကိုယ်ပိုင် Rewards System အတွင်းသို့ အောင်မြင်စွာ ရောက်မလာခင်အချိန်ထိ သိမ်းဆည်းရန်လိုအပ်ကြောင်း မှတ်သားထားရပါမယ်။ အဆိုပါ ပြေစာများသည် အတည်ပြုရန် ရည်ရွယ်ချက်အတွက် အထူးလိုအပ်လာနိုင်ပါတယ်။
Abbott မိသားစုလက်ဆောင် အစီအစဉ်ကို အခမဲ့ ပါဝင်နိုင်ပါသလား။
ပါဝင်နိုင်ပါတယ်။ Abbott မိသားစုလက်ဆောင် အစီအစဉ်မှာ ပါဝင်တာဟာ အခမဲ့ဖြစ်ပါတယ်။ အစီအစဉ်ပါဝင်ဖို့အတွက် မည်သည့် အခကြေးငွေမှ ပေးဆောင်ဖို့ မလိုပါဘူး။ မိမိရဲ့ ဖုန်းနံပတ်ဖြင့် အလွယ်တကူ စာရင်းသွင်းလိုက်တာနဲ့ Abbott မိသားစုလက်ဆောင်အစီအစဉ်မှာ ပါဝင်သွားမှာပါ။
ပရိုမိုးရှင်းကာလအတွင်း ထုတ်ကုန်တွေကို လျှော့ဈေးနဲ့ ဝယ်ယူတယ်ဆို ရရှိမယ့် ဆုလက်ဆောင်ပွိုင့်အရေအတွက်ဟာ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလား။
ထုတ်ကုန်ကို လျှော့ဈေးဖြင့် ဝယ်ယူခဲ့သည့်တိုင်အောင် ဆုလက်ဆောင်ပွိုင့်များကို ရရှိမည် ဖြစ်ပါတယ်။ ရရှိလာမည့် ဆုလက်ဆောင်ပွိုင့်များဟာ ကုန်ပစ္စည်းအမှတ်တံဆိပ် အမျိုးအစားအပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။ Abbott အနေဖြင့် ကြိုတင်အသိပေးစရာမလိုဘဲ တွဲဖက်ထားသော ထုတ်ကုန်တစ်ခုစီတိုင်း၏ ဆုလက်ဆောင်ပွိုင့်များအား ပြောင်းလဲ/ ပြင်ဆင်နိုင်ခွင့် ရှိပါတယ်။
ဆုလက်ဆောင်များ မစုဆောင်းနိုင်ခင် သို့မဟုတ် လက်ဆောင်များ မလဲလှယ်မထုတ်ယူခင်မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် စာရင်းသွင်းရန် လိုအပ်ပါသလား။
လိုအပ်ပါတယ်။ ဆုလက်ဆောင်ပွိုင့်များ စတင်စုဆောင်းခြင်းနှင့် ဆုလက်ဆောင်များ ထုတ်ယူခြင်းမပြုလုပ်ခင် Abbott မိသားစုလက်ဆောင် အစီအစဉ်၌ သင်သည် စာရင်းသွင်းထားသော အဖွဲ့ဝင်တစ်ဦး ဖြစ်ထားရန် လိုအပ်မှာဖြစ်ပါတယ်။
Abbott မိသားစုလက်ဆောင် အစီအစဉ်မှာ Ensure® Gold နှင့် Glucerna® တို့သာဆုလက်ဆောင်ပွိုင့်များအတွက် အကျုံးဝင်သော အမှတ်တံဆိပ်များ အဘယ်ကြောင့် ဖြစ်နေရတာပါလဲ။
အခြား Abbott အမှတ်တံဆိပ်များဟာလည်း Abbott မိသားစုလက်ဆောင် အစီအစဉ်သို့ အဆင့်လိုက် ပါဝင်လာမည် ဖြစ်ပါတယ်။ လက်ရှိတွင်၊ Ensure® Gold 380g, 800g နှင့် Glucerna® 400g တို့သည်သာ ပါဝင်နေသော အမှတ်တံဆိပ်များ ဖြစ်ပါတယ်။
ဘာကြောင့် သတ်မှတ်ထားတဲ့ Ensure® Gold နှင့် Glucerna® ထုတ်ကုန်တွေရဲ့ ဘူးအောက်ခြေမှာပဲ QR Code များ ပါရှိတာလဲ။
ပါဝင်သော အမှတ်တံဆိပ်တစ်ခုချင်းစီအတွင်းမှ မတူညီသော ထုတ်ကုန်တွေဟာ Abbott မိသားစုလက်ဆောင် အစီအစဉ်သို့ အဆင့်လိုက် ပါဝင်လာမှာပဲ ဖြစ်ပါတယ်။
QR Code Scan ဖတ်ခြင်း
Scan ဖတ်ဖို့အတွက် QR Code ကို မည်သည့်နေရာတွင် ရှာဖွေတွေ့ရှိနိုင်သလဲ။
သံဘူး/ဘူးထုပ်ပိုးမှု ပါရှိသော ထုတ်ကုန်အားလုံးအတွက် QR Code အား သံဘူး/ဘူး၏အောက်ခြေတွင် ရှာဖွေတွေ့ရှိနိုင်ပါတယ်။
စမတ်ဖုန်း အသုံးပြုနေများအနေနဲ့ QR Code ကို ဘယ်လို Scan ဖတ်နိုင်ပါသလဲ။
စမတ်ဖုန်းအားလုံးသည် ကင်မရာ (Camera Application) မှတစ်ဆင့် QR Code များကို Scan ဖတ်နိုင်စွမ်းရှိကြပါသည်။ လိုအပ်ပါက၊ ကင်မရာတွင် QR Code ဖတ်ရှုနိုင်မှု ဖွင့်ထားခြင်း ရှိမရှိ သင်၏ phone setting ၌ သေချာအောင်စစ်ဆေးပါ။
Scan စတင်ဖတ်ရန် ကင်မရာကို အလွယ်တကူဖွင့်ပြီး ဘူးပေါ်တွင် ရှိနေသော QR Code ပေါ်တွင် ချိန်ထားရပါမယ်။ QR Code သည် အလယ်ဗဟိုကျပြီး နီးကပ်စွာ ချိန်ထားရန်လည်း သေချာစေရပါမယ်။ Scan ဖတ်မှု အောင်မြင်ပါက သင့် Application မှ လင့်ခ် (Link) တစ်ခုပေါ်လာသည်ကို မြင်တွေ့ရပါမယ်။ အဆိုပါ လင့်ခ်အားနှိပ်ပြီး သင်၏ Browser (အင်တာနက်) ပေါ်တွင် Abbott မိသားစုလက်ဆောင်အစီအစဥ်ဝက်ဘ်ဆိုက်ကို ဝင်ရောက်နိုင်ပါတယ်။
အဆင့်ဆင့်သော ပွိုင့်စုဆောင်းသည့် ဗီဒီယို/ ပုံများကို 'စုဆောင်းမည်' စာမျက်နှာ၌ ကြည့်ရှုနိုင်ပါတယ်။
Android ဖုန်းအသုံးပြုသူတစ်ဦးအနေဖြင့် QR Code ကို ဘယ်လို Scan ဖတ်နိုင်ပါသလဲဲ။
ဆော့ဝဲလ်ဗားရှင်း ၉ သို့မဟုတ် အထက်ရှိသော Android ဖုန်းအားလုံးဟာလည်း အခြားအက်ပ် (App) တစ်ခု ဒေါင်းလုတ်လုပ်ရန် မလိုဘဲ QR Code တစ်ခုကို Scan ဖတ်နိုင်ပါတယ်။ လိုအပ်ပါက၊ ကင်မရာ settings တွင် QR Code ဖတ်ရှုနိုင်မှု ဖွင့်ထားခြင်း ရှိမရှိ သင်၏ phone setting ၌ သေချာအောင်စစ်ဆေးပါ။
ဆော့ဝဲလ်ဗားရှင်း ၉ အောက် နိမ့်သော Android ဖုန်းကို ပိုင်ဆိုင်ပါက Google Play Store မှ 'QR Code Scanner' အက်ပ်တစ်ခုကို ဒေါင်းလုတ်လုပ်ရန် စဉ်းစားနိုင်ပါတယ်။
Scan စတင်ဖတ်ရန် ကင်မရာ သို့မဟုတ် 'QR Code Scanner' application ကို အလွယ်တကူဖွင့်ပြီး ဘူးပေါ်တွင် ရှိနေသော QR Code ပေါ်တွင် ချိန်ထားရပါမယ်။ QR Code သည် အလယ်ဗဟိုကျပြီး နီးကပ်စွာ ချိန်ထားရန်လည်း သေချာစေရပါမယ်။ Scan ဖတ်မှု အောင်မြင်ပါက သင့် Application မှ လင့်ခ် (Link) တစ်ခုပေါ်လာသည်ကို မြင်တွေ့ရပါမယ်။ အဆိုပါ လင့်ခ်အားနှိပ်ပြီး သင်၏ Browser (အင်တာနက်) ပေါ်တွင် Abbott မိသားစုလက်ဆောင်အစီအစဥ်ဝက်ဘ်ဆိုက်ကို ဝင်ရောက်နိုင်ပါတယ်။
အဆင့်ဆင့်သော ပွိုင့်စုဆောင်းသည့် ဗီဒီယို/ ပုံများကို 'စုဆောင်းမည်' စာမျက်နှာ၌ ကြည့်ရှုနိုင်ပါတယ်။
QR Code တွေက အကုန်လုံး ပုံစံတူနေတာပဲ။ ကျွန်ုပ် ဘယ်ထုတ်ကုန်ဝယ်ထားမှန်း သင်ဘယ်လိုသိပြီး မှန်ကန်တဲ့ ဆုလက်ဆောင်ပွိုင့်တွေ ဘယ်လိုပေးမှာလဲ။
ပါဝင်နေသည့် ထုတ်ကုန်တိုင်းတွင် ပါရှိသော QR Code တစ်ခုချင်းစီသည် ထိုထုတ်ကုန်၏ ထုပ်ပိုးမှုအရွယ်အစားနှင့် သီးသန့်ချိတ်ဆက်၍ ထူးခြားနေမည် ဖြစ်ပါတယ်။ ထို့ကြောင့် ထုတ်ကုန်၏ တရားဝင်လက်လီစျေးနှုန်းအပေါ်မူတည်၍ ဆုလက်ဆောင်ပွိုင့်များ၏ မှန်ကန်သောအရေအတွက်ကို သင်ရရှိစေရန် ကျွန်ုပ်တို့ဘက်မှ သေချာစေမှာပါ။
QR Code က ဘူးအပြင်ဘက်မှာ ရှိနေတာမို့ ဘယ်သူမဆို အလွယ်တကူ Scan ဖတ်နိုင်ပါတယ်။ ထုတ်ကုန်ကို အရင်က Scan ဖတ်ထားခြင်း မရှိဘူးဆိုတာ ဘယ်လို စိစစ်အတည်ပြုပါသလဲ။
မသင်္ကာဖွယ်ရာ လုပ်ဆောင်မှုများကို စစ်ဆေးသိရှိနိုင်ရန်အတွက် Scan ဖတ်မှုတိုင်းကို ကျွန်ုပ်တို့၏ Backend စိစစ်ရေးစနစ် (verification system) မှတစ်ဆင့် စိစစ်အတည်ပြုပါမည်။ မသင်္ကာဖွယ် လုပ်ဆောင်မှုများ တွေ့ရှိပါက (ဥပမာ- ထူးခြားသော QR Code တစ်ခုတည်းကို အကြိမ်များစွာ Scan ဖတ်ခြင်း)၊ ကျွန်ုပ်တို့၏ စိစစ်ရေးစနစ်မှ စစ်ဆေးအတည်ပြုရန်အတွက် သုံးစွဲသူအနေဖြင့် ဝယ်ယူမှုအထောက်အထား/ ဘောင်ချာကို Abbott မိသားစုလက်ဆောင် အစီအစဥ်တွင် တင်ပြရန် အကြောင်းကြားချက် ပေးပို့သွားမှာ ဖြစ်ပါတယ်။
တစ်လမှာ Scan ဖတ်နိုင်တဲ့ အများဆုံးအကြိမ်အရေအတွက် ကန့်သတ်ထားပါသလား။
သင် Scan ဖတ်နိုင်သည့် အကြိမ်အရေအတွက်စုစုပေါင်းကို တစ်လလျှင် ထုတ်ကုန်၏ အလေးချိန် (၅) ကီလိုဂရမ် အထိသာ ကန့်သတ်ထားပါတယ်။ (ဥပမာအားဖြင့် Ensure Gold ဆိုပါက ၈၅၀ ဂရမ်ပါ ဘူး ၆ ဘူး နှင့် ၄၀၀ ဂရမ်ပါ ဘူး ၁၂ ဘူး)။ ဤပမာဏသည် ကုန်ပစ္စည်းအမှတ်တံဆိပ် အမျိုးအစားအလိုက် ကွဲပြားနိုင်ပါတယ်။
ဆုလက်ဆောင်လဲလှယ်ဖို့အတွက် ဘယ်လို စတင်လုပ်ဆောင်ရမလဲ။
သင် Scan ဖတ်နိုင်သည့် အကြိမ်အရေအတွက်စုစုပေါင်းကို တစ်လလျှင် ထုတ်ကုန်၏ အလေးချိန် (၅) ကီလိုဂရမ် အထိသာ ကန့်သတ်ထားပါတယ်။ (ဥပမာအားဖြင့် Ensure Gold ဆိုပါက ၈၅၀ ဂရမ်ပါ ဘူး ၆ ဘူး နှင့် ၄၀၀ ဂရမ်ပါ ဘူး ၁၂ ဘူး)။ ဤပမာဏသည် ကုန်ပစ္စည်းအမှတ်တံဆိပ် အမျိုးအစားအလိုက် ကွဲပြားနိုင်ပါတယ်။ဆုလက်ဆောင်လဲလှယ်ခြင်း
ဆုလက်ဆောင်လဲလှယ်ခြင်း
ဆုလက်ဆောင်လဲလှယ်ဖို့အတွက် ဘယ်လို စတင်လုပ်ဆောင်ရမလဲ။
ဆုလက်ဆောင်လဲလှယ်ရန်အတွက် Abbott မိသားစုလက်ဆောင် အစီအစဉ်သို့ Log In ဝင်ရောက်ပြီးနောက် ဆုလက်ဆောင် (Reward) ကို နှိပ်ရပါမည်။ အဆိုပါ ဆုလက်ဆောင် စာမျက်နှာ၌ ဆုလဲလှယ်ထုတ်ယူခြင်းအတွက် ရရှိနိုင်သည့် ထုတ်ကုန်များစာရင်းအား တွေ့ရပါမည်။ ဆုလဲလှယ်ထုတ်ယူခြင်းအတွက် ရရှိနိုင်သော ထုတ်ကုန်စာရင်း၌ ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းများနှင့် သတ်မှတ်ချက်များ ရှိသည်ကို သတိပြုပါ။
သင်စုဆောင်းရရှိထားသည့် ဆုလက်ဆောင်ပွိုင့်များ၏ အရေအတွက်ပေါ် မူတည်၍ လဲလှယ်လိုသည့် ပမာဏကို ထည့်သွင်းပြီး သင်အလိုရှိရာ ထုတ်ကုန်(များ)ကို စာရင်းမှ ရွေးချယ်ပါ။ ပြီးနောက် ' လဲလှယ်ခြင်းအား အတည်ပြုပါ (Confirm Redemption)' ကို နှိပ်ပါ။ လဲလှယ်မှု အောင်မြင်ကြောင်း အတည်ပြုစာမျက်နှာကို အသေးစိတ်ဖော်ပြချက်များနှင့်အတူ တွေ့မြင်ရပါမယ်။
အဆင့်ဆင့်သော ပွိုင့်လဲလှယ်သည့် ဗီဒီယို/ ပုံများကို 'ဆုလက်ဆောင်' စာမျက်နှာ၌ ကြည့်ရှုနိုင်ပါတယ်။
လဲလှယ်လိုက်တဲ့ဆုလက်ဆောင်ကို ဘယ်လိုလက်ခံရယူရမလဲ။
အောင်မြင်စွာ ငွေချေပြီးပါက (check out လုပ်ပြီးပါက)၊ ဆုလက်ဆောင်အသေးစိတ်အချက်အလက်များကို ချက်ချင်းလဲလှယ်ရယူရန် ရရှိပါမယ်။ ထို့နောက် သက်ဆိုင်ရာ ပလက်ဖောင်း (ဥပမာ- ရွေးချယ်ထားသော ပြင်ပကုမ္ပဏီ (3rd party) ပလက်ဖောင်း၌ အသုံးပြုနိုင်သည့် ဘောက်ချာကုဒ်နံပါတ်) ထဲ၌ ထိုအသေးစိတ်အချက်အလက်များကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
လဲလှယ်ရမည့် ကုန်ပစ္စည်းတွေကို ဘယ်လိုစစ်ဆေးမလဲ။
Abbott မိသားစုလက်ဆောင်အစီအစဉ်ထဲကို အကောင့်ဝင်ရောက်ပြီးတော့ ”ကိုယ်ရေးမှတ်တမ်း” ခလုတ်အောက်မှာရှိတဲ့ “ပွိုင့်အသုံးပြုမှု မှတ်တမ်း” ကို ရွေးနှိပ်ပါ၊ ပြီးနောက် သင်လဲလှယ်ထုတ်ယူခဲ့သည့် သက်ဆိုင်ရာ အရောင်းအဝယ်မှတ်တမ်းကို စစ်ဆေးရန် အသုံးပြုပြီး ပွိုင့် (Used Point) ကို ရွေးချယ်ပါ။
ဆုလက်ဆောင်စာရင်းမှာမပါဝင်တဲ့ ထုတ်ကုန်တွေကို လဲလှယ်နိုင်ပါသလား။
ဆုလက်ဆောင်စာရင်းထဲ၌ ပါရှိသည့် ထုတ်ကုန်တွေအတွက်သာလျှင် ဆုလဲလှယ်ခြင်းအတွက် ရရှိနိုင်မှာပါ။ ဆုလဲလှယ်ထုတ်ယူခြင်းအတွက် ရရှိနိုင်သော ထုတ်ကုန်စာရင်း၌ ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းများနှင့် သတ်မှတ်ချက်များ ရှိသည်ကို သတိပြုပါ။
ကျွန်ုပ်လဲလှယ်မည့် ထုတ်ကုန်များအရေအတွက်က တစ်ခါလဲလှယ်တိုင်း ကန့်သတ်ချက်တစ်ခု ရှိပါသလား။
သင် လဲလှယ်ယူနိုင်သည့် ထုတ်ကုန်အရေအတွက်နှင့် အမျိုးအစားသည် သင့်၌ရှိသော ဆုလက်ဆောင်ပွိုင့်အရေအတွက်ပေါ်တွင် မူတည်ပါတယ်။ သင့်အကောင့်ထဲ၌ ဆုလက်ဆောင်ပွိုင့်များ လုံလောက်စွာရှိနေသရွေ့ လဲလှယ်နိုင်သည့် ထုတ်ကုန်အရေအတွက်အား ကန့်သတ်ထားခြင်း မရှိပါ။
စာရင်းသွင်းခြင်းနှင့် အကောင့်ဝင်ရောက်ခြင်း
Abbott မိသားစုလက်ဆောင်အစီအစဉ်မှာ ပါဝင်ဖို့ ဘယ်လိုစာရင်းသွင်း ရမလဲ။
အဖွဲ့ဝင်အသစ်အနေနဲ့ Abbott မိသားစုလက်ဆောင်အစီအစဉ်အတွက် စာရင်းသွင်းဖို့ဆိုရင် အရင်ဆုံး Abbott မိသားစုလက်ဆောင်အစီအစဉ်၏ ဝက်ဘ်ဆိုက် ကို လွယ်ကူစွာ ဝင်ရောက်ပြီး “အကောင့်ဖွင့်ရန်” ကိုနှိပ်ပါ။ သင့်ဖုန်းနံပါတ်ကို အသုံးပြုပြီး စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ကို ပြုလုပ်ရန်နှင့် တခြားအရေးကြီးသော ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းဖြည့်စွက်ပေးရန် တောင်းခံလာပါမယ်။
Abbott မိသားစုဆုလက်ဆောင်အစီအစဉ်ဝက်ဘ်ဆိုက်ကို ဝင်ရောက်ရန် https://abbottfamilyrewardsmm.com မှတဆင့် သို့မဟုတ် သင်ဝယ်ယူထားသော ထုတ်ကုန်၏ အောက်ခြေရှိ QR Code ကို သင့်ဖုန်းကင်မရာ သို့မဟုတ် QR Code Scanner တစ်ခုကို အသုံးပြု၍ လွယ်ကူစွာ Scan ဖတ်ပြီး ဝင်ရောက်နိုင်ပါတယ်။
အဆင့်ဆင့်သော လုပ်ဆောင်သည့် ဗီဒီယို/ ပုံများကို 'အကောင့်ဝင်ရောက်ခြင်း' စာမျက်နှာ၏ အောက်ခြေ၌ ကြည့်ရှုနိုင်ပါတယ်။
အရင်က Abbott နမူနာပစ္စည်းများကို တောင်းဆိုခဲ့ဖူးတယ်ဆိုရင် Abbott မိသားစုလက်ဆောင်အစီအစဉ်မှာ ပါဝင်ဖို့ ထပ်မံ စာရင်းသွင်းရန် လိုအပ်ပါသလား။
မြန်မာနိုင်ငံ၌ Abbott ထုတ်ကုန်များထဲမှ တစ်ခါသောက်အထုပ်တစ်ထုပ်ကို တစ်ချိန်က တောင်းဆိုခဲ့ဖူးတယ်ဆိုရင် Abbott မိသားစုလက်ဆောင် အစီအစဥ်၏ ဝက်ဘ်ဆိုက်၌ စာရင်းသွင်းရန် လိုအပ်ပါသေးတယ်။ စာရင်းသွင်းခြင်း အောင်မြင်ပြီးသည်နှင့် ဆုလက်ဆောင်ပွိုင့်များ စတင်စုဆောင်းပြီး ထုတ်ကုန်များကို လဲလှယ်ခြင်း အဆင်သင့်ဖြစ်ပါပြီ။
စာရင်းသွင်းခြင်းအတွက် ဘာအချက်အလက်တွေ လိုအပ်ပါသလဲ။
စာရင်းသွင်းခြင်းလုပ်ငန်းစဥ်၏ ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဖုန်းနံပါတ်တစ်ခု လိုအပ်ပါမယ်။ ပြီးရင် အမည်နှင့် နေရပ်လိပ်စာအပြည့်အစုံကဲ့သို့သော အရေးကြီးအချက်အလက်များ ထည့်သွင်းဖို့ လိုပါမယ်။ စာရင်းသွင်းထားသော ဖုန်းနံပါတ်မှတဆင့် တစ်ခါသုံးကုဒ်နံပါတ်ရရှိရန် သင့်ဖုန်းကို အနီးအနားမှာ ထားရှိဖို့လိုအပ်ပါတယ်။
တစ်ခါသုံးကုဒ်နံပါတ်မရရှိဘူးဆိုရင် ဘာဆက်ဖြစ်မှာလဲ။
Abbott မိသားစုလက်ဆောင်အစီအစဉ်၏ အကောင့်ဝင်ရောက်ခြင်းစာမျက်နှာတွင် စာရင်းသွင်းထားသော သင့်ဖုန်းနံပါတ်ကို နှစ်ကြိမ်စစ်ဆေးပြီး ‘တစ်ခါသုံးကုဒ်နံပါတ်ဖြင့် အကောင့်ဝင်မည်’ ခလုတ်ကို နှိပ်ပါ။ အကောင့်ဝင်ရောက်နိုင်ရန် တစ်ခါသုံးကုဒ်နံပါတ်အား စာရင်းသွင်းထားသော သင့်ဖုန်းနံပါတ်သို ပေးပို့ပါမယ်။ အကောင့်ဝင်၍မရသေးပါက ‘တစ်ခါသုံးကုဒ်ထပ်ပို့ရန်’ ကို နှိပ်ပါ။
အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကို တခြားသူတစ်ယောက်ကအသုံးပြုထားရင် ဘာလုပ်ရမလဲ။
abbottnutrition@pahtama.com ဒါမှမဟုတ် 09-260356262 သို့ တနင်္လာနေ့ မှ သောကြာနေ့ မနက် ၈ နာရီ မှ ညနေ ၅ နာရီ အတွင်း (ရုံးဖွင့်ရက်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ သို့မှသာ ထပ်မံစိစစ် စစ်ဆေးရန်အတွက် အချက်အလက်များ ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းနံပါတ်တစ်ခုမရှိဘဲ စာရင်းသွင်းနိုင်ပါသလား။
စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော ဖုန်းနံပါတ်တစ်ခု လိုအပ်ပါမယ်။ တရားဝင် ဖုန်းနံပါတ်မရှိပါက စာရင်းသွင်းနိုင်မည် မဟုတ်ပါ။ နေထိုင်ရာ လိပ်စာတူသော မိသားစုဝင်တစ်ဦး၏ ဖုန်းနံပါတ်ကို အသုံးပြုရန် စဉ်းစားနိုင်ပါတယ်။
Abbott မိသားစုလက်ဆောင်အစီအစဥ် အကောင့် ဘာကြောင့်အပိတ်ခံရတာလဲ။
သင့်အကောင့်အတွက် အကူအညီရယူရန် abbottnutrition@pahtama.com ဒါမှမဟုတ် 09-260356262သို့ တနင်္လာနေ့ မှ သောကြာနေ့ မနက် ၈ နာရီ မှ ညနေ ၅ နာရီ အတွင်း (ရုံးဖွင့်ရက်အတွင်း) ကျေးဇူးပြု၍ ဆက်သွယ်ပါ။
အကယ်၍ တစ်ကြိမ် စာရင်းသွင်းထားဖူးလျှင် နောက်ထပ် ဘာထပ်လုပ်ဖို့ လိုအပ်သေးသလဲ။
သင်မှတ်ပုံတင်ထားသော ဖုန်းနံပါတ်ဖြင့် အလွယ်တကူ အကောင့်ဝင်ရောက်ပြီး လက်ခံရရှိထားသော တစ်ခါသုံးကုဒ်နံပါတ်ကို ဖြည့်သွင်းနိုင်ပါတယ်။ ထို့နောက် အကောင့်ဖွင့်ထားသော စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။
ဆုလက်ဆောင်ပွိုင့်များ
ပစ္စည်းဝယ်ယူထားကြောင်းအထောက်အထား (ပြေစာ) တောင်းနေပါက ဘယ်လိုလုပ်ရမလဲ။
Abbott မိသားစုလက်ဆောင်အစီအစဉ် အကောင့်ကို ဝင်ပြီး “ကိုယ်ရေးမှတ်တမ်း” ခလုတ်အောက်ရှိ “ပွိုင့်အသုံးပြုမှုမှတ်တမ်း” ကို ရွေးပါ။ “စုဆောင်းထားသော ပွိုင့်” ကို ရွေးချယ်ပြီး သက်ဆိုင်ရာအဝယ်ပြေစာတောင်းခံနေသည့် မှတ်တမ်းကို ရွေးချယ်လိုက်ပါက “Pending Receipt Request” ကို မြင်ရပါမယ်။ သင့်ပြေစာကို ဓာတ်ပုံရိုက်ရန် မှတ်တမ်းအောက်ရှိ “Validate” ကို နှိပ်ပါ။ အားလုံးပြီးဆုံးပါက “အတည်ပြုမည်” ခလုတ်ကိုနှိပ်ပါ။ သတိပြုရမည်မှာ မူရင်းပြေစာအပြည့်အစုံပါဝင်သည့် ဓာတ်ပုံတစ်ပုံလိုအပ်ပါတယ်။ သင့်ပြေစာတစ်ခုလုံး၏ ပုံသည် ကြည်လင်ပြတ်သားပြီး ဖတ်ရှုနိုင်ဖို့ ကျေးဇူးပြု၍ သေချာအောင် စစ်ဆေးပါ။ မပြည့်စုံဘဲ ဖတ်ရှုမရနိုင်သော၊ ဝါးနေသော မည်သည့် ပြေစာဓာတ်ပုံကို မဆို ဝယ်ယူထားသည့်အထောက်အထားမပြည့်စုံဟု သတ်မှတ်သွားမည်ဖြစ်ပါတယ်။ ပြေစာကို ထပ်မံတင်ပြပေးရန် လိုအပ်ပါလိမ့်မယ်။ ပြေစာကို သင်နှင့်အတူ မသိမ်းထားမိပါက သင်ဝယ်ယူထားသည့်ဘူးအောက်ခြေရှိ QR Code ကို ဓာတ်ပုံရိုက်၍ပင်လျှင် တင်ပြနိုင်ပါတယ်။
ပြေစာကို တင်ပြနိုင်ခြင်းမရှိပါက သို့မဟုတ် သင်ဝယ်ယူထားသည့် ဘူးခွံမှ QR Code ဓာတ်ပုံကို တင်ပြနိုင်ခြင်းမရှိပါက အဆိုပါ ဖြစ်ရပ်၌ မည်သည့်ဆုလက်ဆောင်ပွိုင့်ကိုမျှ သင်ရရှိလိမ့်မည် မဟုတ်ပါ။
ဝယ်ယူထားသော ပြေစာအား အဘယ်ကြောင့်သိမ်းဆည်းထားရန် လိုအပ်ပါသလဲ။
မသင်္ကာဖွယ် လုပ်ဆောင်မှု တစ်စုံတစ်ရာ တွေ့ရှိပါက ဝယ်ယူမှုအထောက်အထားတင်ပြရန် တောင်းခံပါမယ်။ မသင်္ကာဖွယ် လုပ်ဆောင်မှုများသည် သင့်ထုတ်ကုန်ပေါ်ရှိ ထူးခြားသော QR Code ကို အခြားစားသုံးသူများမှ အကြိမ်များစွာ Scan ဖတ်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဝယ်ယူမှုအထောက်အထား (ပြေစာ သို့မဟုတ် သင်ဝယ်ယူထားသောဘူးမှ QR Code ၏ပုံ) မရှိပါက QR Code Scan ၏ စစ်မှန်မှုကို ကျွန်ုပ်တို့ စိစစ်အတည်ပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဆုလက်ဆောင်ပွိုင့်များကို ရရှိနိုင်မည် မဟုတ်ပါ။
ဆုလက်ဆောင်ပွိုင့်များ မည်သို့စုဆောင်းရမလဲ။
ပါဝင်သည့် ထုတ်ကုန်တစ်ခု ဝယ်ယူတိုင်း ဆုလက်ဆောင်ပွိုင့်များကို စုဆောင်းပါ။ ပိုမိုနားလည်လိုပါက 'Abbott မိသားစုလက်ဆောင်' ကဏ္ဍရှိ ဆုလက်ဆောင်ပွိုင့်တွေကို ဘယ်လိုသတ်မှတ်ထားသလဲ' မေးခွန်းတွင် ကြည့်ရှုနိုင်ပါတယ်။ ဆုလက်ဆောင်ပွိုင့်များ စတင်ရယူရန် Abbott မိသားစုလက်ဆောင်အစီအစဥ်တွင် အကောင့်ဝင်ရောက်ရန် ဘူးအောက်ခြေရှိ QR Code ကို Scan ဖတ်ပါ။ ထို့နောက် စုဆောင်းမည် စာမျက်နှာ၏ ထိပ်ဆုံး၌ရှိသော ’Touch Here for Scan’ ခလုတ်ကို နှိပ်ပါ။ စာမျက်နှာရှိ ကင်မရာဖြင့် သင်ဝယ်ယူထားသော ဘူးအောက်ခြေရှိ QR Code ကို Scan ဖတ်ရန် သင့်ဖုန်းကို အလွယ်တကူချိန်ထားရုံသာ ဖြစ်ပါတယ်။
QR Code သည် အလယ်ဗဟိုကျပြီး နီးကပ်စွာ ချိန်ထားရန်လည်း သေချာစေရပါမယ်။ Scan ဖတ်မှု အောင်မြင်ပါက အတည်ပြုချက် မက်ဆေ့ချ်တစ်ခုကို တွေ့ရပါမည်။ သင်၏ ဆုလက်ဆောင်ပွိုင့်များ အောင်မြင်စွာ ရရှိရန် ရုံးဖွင့်ရက် ၃ ရက် အချိန်ယူပြီး ၎င်း၏ အခြေအနေအား
ကိုယ်ရေးမှတ်တမ်း စာမျက်နှာ၏ အောက်ရှိ ရရှိထားသော ပွိုင့်အခြေအနေအောက်ရှိ “ပွိုင့်အသုံးပြုမှု မှတ်တမ်း” ခလုတ်အားနှိပ်၍ စစ်ဆေးနိုင်ပါတယ်။ အတည်ပြုရန်လိုအပ်သည့်ဖြစ်ရပ်များအတွက် သင့်မူရင်းပြေစာအား သိမ်းထားရန် သတိရပါ။
အဆင့်ဆင့်သော ပွိုင့်စုဆောင်းနည်း ဗီဒီယို/ပုံများအား “စုဆောင်းမည်” စာမျက်နှာမှာ၌ ကြည့်ရှုနိုင်ပါတယ်။
စုဆောင်းထားသည့် ပွိုင့်အရေအတွက်အား မည်သည့်နေရာ၌ စစ်ဆေးနိုင်ပါသလဲ။
ဆုလက်ဆောင်ပွိုင့်များကို စစ်ဆေးရန် Abbott မိသားစုလက်ဆောင် အစီအစဥ်သို့ အကောင့်ဝင်ရောက်ပြီးနောက်၊ 'ကိုယ်ရေးမှတ်တမ်း' စာမျက်နှာတွင်ရှိသော ပွိုင့်အသုံးပြုမှုမှတ်တမ်းမှ “စုဆောင်းထားသောပွိုင့်” အောက်၌ သင်ရရှိနေသည့် စုစုပေါင်းပွိုင့်အရေအတွက်ကို တွေ့နိုင်ပါတယ်။ သက်တမ်းကုန်ဆုံးသွားသော ပွိုင့်များကို ထည့်သွင်းတွက်ချက်မည် မဟုတ်ကြောင်း သတိပြုပါ။
ဆုလက်ဆောင်ပွိုင့်တွေ စနစ်ထဲကို မဝင်ရောက်မီ/ မပေါ်လာမီ ဘာကြောင့် (၃) ရက် စောင့်ဖို့ လိုတာလဲ။
Scan ဖတ်ထားသော QR Code များနှင့် ဆုလက်ဆောင်ပွိုင့်များကို လုပ်ငန်းစဥ်ဆောင်ရွက်ရန် ရုံးဖွင့်ရက်အချိန် ၃ ရက်အထိ လိုအပ်ပါတယ်။
ဝယ်ယူမှုအထောက်အထား (ပြေစာ) ကို တောင်းခံထားပါတယ်။ ပြေစာမရှိတော့လျှင် ဘာဆက်လုပ်ရမလဲ။
မသင်္ကာဖွယ်ရာ လုပ်ဆောင်မှုတစ်စုံတစ်ရာ တွေ့ရှိရသောဖြစ်ရပ်တွင် ဝယ်ယူမှု အထောက်အထားကို တောင်းခံမည်ဖြစ်ပါတယ်။ ပြေစာကို မသိမ်းထားမိပါက သင်ဝယ်ယူထားသည့် ဘူးအောက်ခြေရှိ QR Code ဓာတ်ပုံရိုက်၍ပင်လျှင် တင်ပြနိုင်ပါတယ်။
Abbott မိသားစုလက်ဆောင်အစီအစဉ်၌ နောက်ထပ်ပွိုင့်များ မည်သို့စုဆောင်းနိုင်မည်လဲ။
ကိုယ်ရေးမှတ်တမ်း စာမျက်နှာ၌ရှိသည့် “ကိုယ်ရေးမှတ်တမ်းပြင်ရန်” အား နိုပ်ပြီး ထပ်ဆောင်းအချက်အလက်များဖြည့်ခြင်းဖြင့် နောက်ထပ်ပွိုင့်များကို ရယူနိုင်ပါတယ်။
MMR.2025.68124.AND.1 (v1.0)