Yeast Beta Glucan ၏ ကောင်းကျိုးများအား အသုံးချပြီး
ကိုယ်ခံစွမ်းအားကို unlock လုပ်လိုက်ပါ

Yeast Beta Glucan ၏ ကောင်းကျိုးများအား အသုံးချပြီး
ကိုယ်ခံစွမ်းအားကို unlock လုပ်လိုက်ပါ

Banner
Banner
Banner

ခန္ဓာကိုယ်အတွက် ပထမဆုံး ခံစစ်တံတိုင်း - ကိုယ်ခံအားစနစ်

ကိုယ်ခံစွမ်းအားစနစ် သည် အန္တရာယ်ရှိသော ရောဂါပိုးများ၊ ဗိုင်းရပ်စ်များနှင့် ကူးစက်ရောဂါများမှ သင့်အား ကာကွယ်ရန် မရပ်မနား အလုပ်လုပ်သော သင့်ခန္ဓာကိုယ်၏ ကာကွယ်ရေးယန္တရားဖြစ်သည်။ ၎င်းသည် သင့်ခန္ဓာကိုယ်၏ ကျန်းမာရေး ကောင်းမွန်မှုကို ထိန်းသိမ်းရန်အတွက် အန္တရာယ်များကို ဖော်ထုတ်ဖယ်ရှားရန် ပူးပေါင်းလုပ်ဆောင်သော ဆဲလ်များ၊ တစ်သျှူးများနှင့် ကိုယ်တွင်းအင်္ဂါများ ပါဝင်သည့် ရှုပ်ထွေးသော ကွန်ရက်တစ်ခုဖြစ်သည်။

ကိုယ်ခံစွမ်းအားစနစ်သည် အသက်အရွယ်၊ စိတ်ဖိစီးမှု၊ အာဟာရ နှင့် အံ့သြစရာကောင်းလောက်အောင် ကြွက်သားကျန်းမာရေး အပါအဝင် အချက်များစွာ၏ သက်ရောက်မှုကို ခံရနိုင်သည်။ အမှန်စင်စစ်တွင် ကြွက်သားထုထည် ၁၀% ဆုံးရှုံးရုံမျှဖြင့်ပင် ကိုယ်ခံစွမ်းအားကို အားနည်းစေနိုင်သည်။1

အားကောင်းသော ကိုယ်ခံစွမ်းအားစနစ်တစ်ခုကို ထိန်းသိမ်းရာ၌ ကြိုတင်ကာကွယ်စောင့်ရှောက်မှုနှင့် အထောက်အပံ့ လိုအပ်ပါသည်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကိုယ်ခံစွမ်းအား အာဟာရဓာတ်များ (ဗီတာမင် စီ၊ အီး နှင့် ဇင့်ကဲ့သို့) စားသုံးမှုကို သေချာစေမည့် ကောင်းမွန်သော အာဟာရ ပေါင်းစပ်ထားသောနည်းလမ်းက အထောက်အကူပြုနိုင်ပါသည်။ Yeast Beta Glucan ကဲ့သို့သော လုပ်ငန်းဆောင်တာမြှင့်တင်သည့် ပါဝင်ပစ္စည်းများသည် သင်၏ ကိုယ်ခံစွမ်းအားစနစ်ကို
အားဖြည့်ရန်အတွက် အသုံးဝင်နိုင်ကြောင်း သိပ္ပံအချက်အလက် အသစ်များက အကြံပြုထားပါသည်။

အားကောင်းသော ကိုယ်ခံစွမ်းအားသည် ကောင်းမွန်သော အာဟာရမှ စတင်သည်။

ပြည့်စုံပြီး မျှတသော အစားအသောက်သည် သင့်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများနှင့်
ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အစားအသောက် တစ်ခုတည်းမှ လိုအပ်သော အာဟာရဓာတ်အားလုံးကို ရရှိရန် ခက်ခဲနိုင်သည့် အခြေအနေများတွင် ပါးစပ်မှသောက်သုံးရသော အာဟာရဖြည့်စွက်စာများ (Oral Nutritional Supplements) သည် အာဟာရကွာဟချက်ကို ပေါင်းကူးပေးရာတွင် အကျိုးပြုနိုင်ပါသည်။

  • ကိုယ်ခံစွမ်းအားစနစ်ကို အားဖြည့်ပေးသည့် Yeast Beta Glucan ကို
    မိတ်ဆက်ခြင်း

Yeast Beta Glucan (YBG) သည် သဘာဝအတိုင်းဖြစ်ပေါ်သော ရှုပ်ထွေးသည့် ** polysaccharide (ကစီဓာတ်တစ်မျိုး အဖြစ်သိထားကြပါသည်)** ဖြစ်ပြီး အမျှင်ဓာတ်တစ်မျိုးဖြစ်သည်။ YBG ကို သိပ္ပံနည်းကျအားဖြင့် Saccharomyces cerevisiae ဟုခေါ်သော baker’s yeast ၏ ဆဲလ်နံရံများမှ ရရှိသည်။1

YBG သည် အမျိုးမျိုးသော ကိုယ်ခံစွမ်းအားဆဲလ်များကို အသက်သွင်းခြင်းနှင့် မြှင့်တင်ခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားဆဲလ်များကို “အားဖြည့်ပေး” သည်။*2-5 ယင်းသည် ကူးစက်ရောဂါများကို တိုက်ဖျက်ရန်နှင့် အလုံးစုံ ကိုယ်ခံစွမ်းအား ကျန်းမာရေးကို မြှင့်တင်ရန်အတွက် အားကောင်းသော ကိုယ်ခံစွမ်းအား တုံ့ပြန်မှုကို အထောက်အကူပြုပါသည်။ 

YBG  ကိုအစားအသောက်ထဲတွင် ထည့်သွင်းသောအခါ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ (Upper Respiratory Tract Infections - URTIs) ဖြစ်ပွားမှုနှင့် လက္ခဏာများကို လျှော့ချကြောင်း ဆေးဘက်ဆိုင်ရာ လေ့လာမှုများအရ တွေ့ရှိပြီးဖြစ်ပါသည်။3, 4 အထူးသဖြင့် URTIs ဖြစ်ပွားရန် အလားအလာများရှိသူများအနေဖြင့် ဖြစ်ပွားမှုအကြိမ်ရေ ပိုနည်းပြီး ပြင်းထန်မှု လျော့နည်းလာသည်ကိုလည်း တွေ့ရပါသည်။ 

အချုပ်အားဖြင့် YBG သည် ကိုယ်ခံစွမ်းအားစနစ်ကို ထိန်းညှိပေးသည်၊ ရောင်ရမ်းမှုကို လျှော့ချ ပေးသည်၊ အထူးသဖြင့် လည်ချောင်းနာခြင်း၊ နှာချေခြင်း၊ နှာစေးခြင်းနှင့် ချောင်းဆိုးခြင်း ကဲ့သို့သော နှာခေါင်း၊ လည်ချောင်း၊ အာခေါင်၊ အသံအိုးတို့နှင့် သက်ဆိုင်သော ပြင်းထန်သည့် ကူးစက်ရောဂါများ ကို လျှော့ချခြင်းဖြင့် ရောဂါပိုးများကို ကာကွယ်သည့် ခန္ဓာကိုယ်၏ ယန္တရားများကို မြှင့်တင်ပေးပါသည်။

  • ပရိုတင်းနှင့် ကိုယ်ခံစွမ်းအား အာဟာရဓာတ်များကို ရယူခြင်း

ပရိုတင်း - ပရိုတင်းသည် ကြွက်သားတည်ဆောက်ရန်အတွက် အရေးကြီးသော အာဟာရဓာတ် ဖြစ်သည့်အပြင် ကိုယ်ခံစွမ်းအားကို ထောက်ပံ့ရန်အတွက် ပဋိဇီဝပစ္စည်းများ (antibodies) နှင့် ကိုယ်ခံစွမ်းအားစနစ်ဆဲလ်များ ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် (Macronutrient) ဖြစ်သည်။

ကိုယ်ခံစွမ်းအား အာဟာရဓာတ်များ - ပုံမှန် ကိုယ်ခံစွမ်းအား လုပ်ဆောင်ချက်ကို ထောက်ပံ့ရန်အတွက် ဗီတာမင် အေ၊ ဘီ၆၊ ဘီ၁၂၊ စီ၊ ဒီ၊ ကော့ပါး၊ ဖောလိတ်၊ သံဓာတ်၊ ဇင့် နှင့် ဆီလီနီယမ် ကြွယ်ဝသော အစားအစာများကို ရွေးချယ်ပါ။

 ပါးစပ်မှသောက်သုံးရသော အာဟာရဖြည့်စွက်စာများ အသုံးပြုခြင်းကို ထည့်သွင်းစဉ်းစားပါ။

ကောင်းစွာမစားသုံးနိုင်သူများနှင့် အစားအစာတစ်ခုတည်းမှ ၎င်းတို့၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းရန် အခက်အခဲရှိသူများအတွက် နေ့စဉ်အစားအစာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျှတသော ပါးစပ်မှသောက်သုံးရသည့် အာဟာရဖြည့်စွက်စာများကို ၁ကြိမ်မှ ၃ ကြိမ်စာ သုံးစွဲခြင်းသည် အကျိုးပြုနိုင်ပါသည်။ ဤဖြည့်စွက်စာများသည် ကောင်းမွန်သော အာဟာရကို ထောက်ပံ့ရန်အတွက် ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ် အပါအဝင် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များကို ပေးစွမ်းနိုင်ပါသည်။

ကိုယ်ခံစွမ်းအားကို ထောက်ပံ့ခြင်းအပြင်၊ ကောင်းမွန်သော အာဟာရသည် သင်၏ ကြွက်သားကျန်းမာရေးကိုလည်း အကျိုးပြု နိုင်ပါသည်။

ကြွက်သားကျန်းမာရေးကို မြှင့်တင်ပေးသော တက်ကြွပြီး ပိုမိုကျန်းမာသည့် နေထိုင်မှုပုံစံနှင့်အတူ သင့်ကိုယ်ခံစွမ်းအား မြှင့်တင်မည့်စာရင်းကို ပြည့်စုံစေလိုက်ပါ။

ကောင်းမွန်သော အာဟာရအပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကောင်းမွန်သော အိပ်စက်မှုပုံစံ နှင့် ဆေးလိပ်နှင့်အရက် သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း အပါအဝင် ကျန်းမာသော နေထိုင်မှုပုံစံကို ကျင့်သုံးပါ။

သန်မာသောကြွက်သားများသည် ကိုယ်ခံစွမ်းအားစနစ်ကို ထိန်းညှိခြင်းနှင့် ဆက်စပ်နေပါသည်။ ကြွက်သားများနှင့် ကိုယ်ခံစွမ်းအားစနစ်ကို ချိတ်ဆက်ထားသည့် အထောက်အထားများအရ ကြွက်သားကျန်းမာရေးကို ထိန်းသိမ်းခြင်း သို့မဟုတ် တိုးတက်စေခြင်း သည် ဦးစားပေးတစ်ခု ဖြစ်သင့်ပါသည်။ ကောင်းမွန်သော အာဟာရနှင့် ပေါင်းစပ်၍ ပုံမှန်လေ့ကျင့်ခန်း အစီအစဉ် ကို
ထည့်သွင်းခြင်းသည် ကြွက်သားထုထည် ဆုံးရှုံးမှုကို ကာကွယ်ရန်နှင့် ပြန်လည်ကောင်းမွန်စေရန် ကူညီပေးနိုင်ပြီး သင့်ကြွက်သားကျန်းမာရေးကို အကောင်းဆုံး အခြေအနေတွင် ထိန်းသိမ်းထားနိုင်သည်။

အလေးမလေ့ကျင့်ခန်း (resistance training)၊ ယောဂ ကဲ့သို့သော အလယ်အလတ် ပြင်းအားရှိ လှုပ်ရှားမှုများ သို့မဟုတ် လှေကားတက်ခြင်း ကဲ့သို့ ရိုးရှင်းသော အရာတခုခုသည်ပင်လျှင် သင့်ခန္ဓာကိုယ် လိုအပ်သည့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပါသည်။ သင်၏ အစီအစဉ်တွင် အလေးမလေ့ကျင့်ခန်းများ (ဥပမာ- resistance bands သို့မဟုတ် weights) ကို ထည့်သွင်းခြင်းသည် ကိုယ်ခံစွမ်းအားကို တိုးတက်စေရန်၊ ကြွက်သားထုထည် တိုးပွားစေရန်၊ ခွန်အားနှင့် လုပ်ဆောင်နိုင်စွမ်းကို ကူညီမြှင့်တင်ရန် အကျိုးရှိနိုင်ပါသည်။

သင့် ကိုယ်ခံစွမ်းအား ကျန်းမာရေးကို ဦးစားပေးခြင်းသည် တစ်ကြိမ်တည်း လုပ်ဆောင်ရမည့် အားထုတ်မှုမဟုတ်ဘဲ တစ်သက်တာလုံး လိုက်နာရမည့် စိတ်အားထက်သန်မှုဖြစ်ကြောင်း သိရှိထားရပါမည်။ စိတ်ပါဝင်စားမှုနှင့် ပြည့်စုံသော ချဉ်းကပ်မှုတို့ဖြင့် သင်၏ ကိုယ်ခံစွမ်းအားစနစ်၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ပြီး အကောင်းဆုံး အခြေအနေတွင် ဆက်လက်တည်ရှိနေနိုင်ပါသည်။

ကိုးကားချက်များ

1. Demling RH, et al. Eplasty 2009, 9: e9. 
2. Talbott SM, Talbott JA. J Am Coll Nutr. 2012;31(4):295-300. 
3. Samuelsen AB et al. Mol Nutr Food Res. 2014 Jan;58(1):183-93. 
4. Zhong K, Liu Z, Lu Y, Xu X. Eur J Nutr. 2021 Dec;60(8):4175-4187. 
5. McFarlin BK, et al. Front Physiol. 2017;8:786. 
*Immune cells include Immunoglobulin A, monocytes, CD4+ T cells and CD8+ T cells

MMR.2025.67073.ENS.1 (v1.0)