အသက်၄၀ကျော်ပြီးနောက်ပိုမို သန်မာလာစေရန် လူကြီးများအတွက် ခွန်အားလေ့ကျင့်ခန်း

အသက်၄၀ကျော်ပြီးနောက်ပိုမို သန်မာလာစေရန် လူကြီးများအတွက် ခွန်အားလေ့ကျင့်ခန်း

Banner
Banner
Banner

လူအများစုသည် အသက်အရွယ်ရလာသည်နှင့်အမျှ လေ့ကျင့်ခန်းလုပ်ရန်မလိုအပ်ပါဟု ထင်တတ်ကြပါသည်။ တကယ်တမ်းမှာ အသက်အရွယ်ရလာသည်နှင့်အမျှ လေ့ကျင့်ခန်းလုပ်ဖို့က လိုအပ်လာပါသည်။ အမှန်စင်စစ်၊ သင်အသက်အရွယ်ရလာသည်နှင့်အမျှ လှုပ်ရှားတက်ကြွနေခြင်းသည်သာ ရွေ့လျားနိုင်စွမ်း၊ ခံနိုင်ရည် တို့ကို ထိန်းသိမ်းရန်နှင့် အမှီအခိုကင်းစွာ နေထိုင်နိုင်မှုကို ပိုမိုကြာရှည်စေရန်အတွက် သင့်ခန္ဓာကိုယ် လိုအပ်သောအရာ ဖြစ်ပါသည်။ လေ့ကျင့်ခန်းကို Gym တွေမှာ အပြင်းအထန်လေ့ကျင့်စရာမလိုပါ။ သင်၏ ရွှေရောင်နှစ်များကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်စွာ နေထိုင်ခြင်းသည် အကောင်းဆုံး နည်းဗျူဟာ ဖြစ်ပါသည်။

အမေရိကန်၌ရှိသည့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ၏ လေ့လာချက်အရ အသက်အရွယ်ရလာသူများအနေဖြင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် နာတာရှည်ရောဂါများဖြစ်သည့် အဆစ်ရောဂါ၊ အရိုးပွရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ရောဂါ၊ ခါးနာခြင်းနှင့် စိတ်ကျရောဂါ ဖြစ်ပွားမှုများကို လျော့ချပေးနိုင်ပါသည်။ သတင်းကောင်းအနေဖြင့် လေ့ကျင့်ခန်းလုပ်လိုသော လူကြီးများမှာ Gym သွား၍ အလေးမခြင်းများ ပြုလုပ်ရန်မလိုဘဲ အိမ်တွင်သာ
လုပ်ရုံဖြင့်လုံလောက်ပါသည်။

သို့သော် သင်၏ဘေးကင်းရေးအတွက်၊ လေ့ကျင့်ခန်းအစီအစဉ်အသစ်တစ်ခု မစတင်မီ သင့်လျော်သောနည်းစနစ်ကို သေချာစေရန် သင့်ဆရာဝန် သို့မဟုတ် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျွမ်းကျင်သူနှင့် ဆွေးနွေးပါ။

လူကြီးများအတွက် လွယ်ကူသော ခွန်အားလေ့ကျင့်ခန်း ၅ မျိုး 

၁။ လှဲပြီးတင်ပါးကို တံတားပုံစံထောင်ခြင်း
ဤလေ့ကျင့်ခန်းသည် သင့်ခန္ဓာကိုယ်၏ အကြီးဆုံးကြွက်သားအုပ်စုဖြစ်သည့် တင်ပါးကြွက်သားများ (glutes)ကို သန်မာစေသည်။

၂။ ဆောင့်ကြောင့်ထိုင်ခြင်း 
ဤလှုပ်ရှားမှုသည် ကိုယ်အလယ်ပိုင်း (core) ကို အဓိကထား၍ လှေကားတက်ခြင်း သို့မဟုတ် မြေပြင်မှ တစ်ခုခုကောက်ယူခြင်းတို့အတွက် အထောက်အကူပြုသည်။

၃။ နံရံကိုမှီ၍ ဒိုက်ထိုးခြင်း
လက်မောင်းအားတွေ၊ ကောင်းသေးလား? ပုံမှန် ကြမ်းပြင်ကို ထောက်ပြီး ဒိုက်ထိုးရတာကို ပုံစံပြောင်းထားခြင်း ဖြစ်ပါသည်။

၄။ ခြေဖျားထောက်ရပ်ခြင်း
ဤလေ့ကျင့်ခန်းကိုလုပ်ခြင်းဖြင့် ခြေထောက်ဟန်ချက်ကို ပိုထိန်းနိုင်ပြီး ခြေချင်းဝတ် နဲ့ ခြေသလုံးသားတို့ကို သန်မာစေပါသည်။

၅။ လဲလျောင်းလေ့ကျင့်ခြင်း
ဤနောက်ဆုံးလေ့ကျင့်ခန်းသည် သင်လဲလျောင်းနေရသည့်အတွက် လွယ်ကူသော်ငြားလည်း ကိုယ်အလယ်ပိုင်း (core) ကို များစွာအထောက်အကူ ပေးပါသည်။

ကိုးကားချက်များ 
https://www.readersdigest.ca/health/fitness/best-exercises-for-seniors/
https://www.cdc.gov/physicalactivity/downloads/growing_stronger.pdf

MMR.2025.67073.ENS.1 (v1.0)