အမေးများသောမေးခွန်းများ

Ensure Gold® StrengthPro® ကို မည်သည့်အရွယ်မှစပြီး သောက်သုံးသင့်သလဲ။

Ensure Gold® StrengthPro® ကို အသက် (၁၈)နှစ်နှင့် (၁၈)အထက် လူကြီးလူငယ်မရွေး သောက်သုံးနိုင်ပါတယ်။

Ensure Gold® StrengthPro® သည် အစာအစားထိုးစာ တစ်ခု ဖြစ်ပါသလား။

ရပါတယ်။ Ensure Gold® StrengthPro® သည် အာဟာရပြည့်ဝမျှတမှုရှိပါတယ်။ အစားအစာနှင့်သော်လည်းကောင်း၊ သို့မဟုတ် အစားအစာတစ်ကြိမ်နှင့်တစ်ကြိမ်ကြား ဖြည့်စွက်စာတစ်ခုအဖြစ်သော်လည်းကောင်း၊ သို့မဟုတ် အစာအစားထိုးစာတစ်ခုအနေနဲ့သော်လည်းကောင်း သောက်သုံးနိုင်ပါတယ်။ ပြွန်မှတဆင့် အစာဖြည့်ပေးခြင်း (Tube feeding) အတွက်လည်း သင့်တော်ပါတယ်။

Ensure Gold® StrengthPro® သည် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သင့်လျော်ပါသလား။

Ensure Gold® StrengthPro® ကို ဆီးချိုသွေးချိုရောဂါမရှိသူများအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Abbott Nutrition ၏ အခြားထုတ်ကုန်တစ်မျိုးဖြစ်သည့် Glucerna® ကိုတော့ ဆီးချိုသွေးချိုရောဂါရှိသူများအတွက် အထူးထုတ်လုပ်ထားပြီး၊ ၎င်းတွင် တဖြည်းဖြည်းချင်းအစာခြေပေးသည့် ကစီဓာတ်နှင့် နည်းပါးသော သွေးတွင်းအချိုဓာတ်အညွှန်းကိန်း (low GI) ပါဝင်ပါတယ်။

Ensure Gold® StrengthPro® သည် ကင်ဆာရောဂါရှိသူများအတွက် သင့်လျော်ပါသလား။

ရပါတယ်။ Ensure Gold® StrengthPro® သည် ကင်ဆာရောဂါရှိသူများ၏ ပိုမိုမြင့်မားသောစွမ်းအင်လိုအပ်ချက်များကို ထောက်ပံ့ရန် အထူးကောင်းမွန်သောအာဟာရဆိုင်ရာ ကယ်လိုရီအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ကြွက်သားတစ်သျှူးတည်ဆောက်ခြင်းကို ပံ့ပိုးပေးရန် HMB နှင့် အရည်အသွေးမြင့် ပရိုတင်းလည်း ပါဝင်ပါတယ်။

Abbott မှ ထုတ်လုပ်ထားသည့် အာဟာရဖြည့်စွက် ထုတ်ကုန်တစ်ခုဖြစ်သည့် ProSure® အား ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ဆုံးရှုံးနိုင်ချေရှိသူများ သို့မဟုတ် ကိုယ်အလေးချိန်ဆုံးရှုံးနေသူများအတွက် အထူးထုတ်လုပ်ထားပါတယ်။ တစ်ကြိမ်စာ၌ ၁.၁ ဂရမ် EPA^ ပါဝင်သည့် သိပ်သည်းသော စွမ်းအင်နှင့် မြင့်မားသောပရိုတင်းဖော်မြူလာတို့ ပေါင်းစပ်ထားပါတယ်။ Ensure® သို့မဟုတ် ProSure® မည်သည်က သင့်အတွက် သင့်တော်မည်ကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

^EPA - EicosaPentaenoic Acid (ငါးကြီးဆီမှ ရရှိလာသော Omega-3 ဖက်တီးအက်ဆစ်)

Ensure Gold® StrengthPro® အရသာသည် ချိုပါသလား။

Ensure Gold® StrengthPro® သည် နှစ်လိုဖွယ်ကောင်းသော အချိုအရသာ ရှိပါတယ်။ Vanilla အနံ့ဖြင့်ထုတ်လုပ်ထားသော
Ensure Gold® StrengthPro® တစ်ခွက် (230mL) ၌ သကြား ပါဝင်မှုမှာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲသာ ဖြစ်ပါတယ်။
ယင်းမှာ အလယ်အလတ် အရွယ်အစားရှိသော ပန်းသီး၊ သစ်တော်သီးနှင့် မက်မွန်သီးများကဲ့သို့သော
ကျွန်ုပ်တို့ကြိုက်နှစ်သက်သော အသီးအနှံများ၏ သကြားပမာဏထက်ပင် နည်းပါသေးတယ်။

ဤ အာဟာရဓာတ်ပြည့်ဝပြီး ပြည့်စုံမျှတသော အာဟာရဖြည့်စွက်စာ၏ အရသာကို ပိုမိုကောင်းမွန်စေရန်အတွက် သကြားကို Ensure Gold® StrengthPro® ၌ထည့်သွင်းထားခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် ၎င်း၏အရသာရှိသော ကောင်းမွန်မှုအားလုံးကို သင်ခံစားနိုင်ပါတယ်။

Ensure Gold® StrengthPro® သည် အသက် ၇၀ ကျော် လူကြီးများအတွက် သင့်လျော်ပါသလား။

သင့်တော်ပါတယ်။ Ensure Gold® StrengthPro® သည် ကျန်းမာသော လူကြီးများ အတွက် သင့်လျော်ပြီး နေ့စဉ်စွမ်းအင် လိုအပ်ချက်များအတွင်း မျှတသော အစားအသောက်၏ တစ်စိတ်တစ်ပိုင်း အဖြစ် အသုံးပြုရမည် ဖြစ်ပါသည်။ သင်၏ အစားအသောက်တွင် Ensure Gold® ကို မည်သို့ ထည့်သွင်းရမည်ကို ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင် နှင့် တိုင်ပင်ဆွေးနွေးပါ။

Yeast Beta Glucan ဆိုတာဘာလဲ။

အသစ်ထွက်ရှိသည့် Ensure Gold® StrengthPro® ကို တစ်နေ့လျှင် နှစ်ကြိမ် သောက်သုံးပါက YBG ၂၅၀ မီလီဂရမ် (တစ်ကြိမ်လျှင် ၁၂၅ မီလီဂရမ်) ရရှိနိုင်ပါတယ်။

Yeast β-Glucan သည် တဆေးမှရရှိသော အမျှင်ဓါတ်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့လျှင် ၂၅၀ မီလီဂရမ် သောက်သုံးမှုပမာဏဖြင့် ၎င်းသည် ကိုယ်ခံအားကျန်းမာရေးကို ထောက်ပံ့ရန် လက်တွေ့လေ့လာချက်များအရ တွေ့ရှိထားပါတယ်။ ၎င်း၏ အကျိုးကျေးဇူးများတွင် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ ၏ (၁) ဖြစ်ပွားမှု၊ (၂) ရောဂါလက္ခဏာများနှင့် (၃) ကြာချိန်တို့ကို သိသာစွာ လျှော့ချပေးခြင်း ပါဝင်ပါတယ်။
ကိုးကားချက်များ -
(Ref 1. Zhong K, Liu Z, Lu Y, Xu X. Eur J Nutr. 2021 Dec;60(8):4175-4187.)

Ensure Gold® StrengthPro® သည် ကိုယ်အလေးချိန်တက်စေပါသလား။

Ensure Gold® StrengthPro® ကို အာဟာရချို့တဲ့နိုင်ခြေရှိသူများ သို့မဟုတ် ဖျားနာမှုကြောင့် ကိုယ်အလေးချိန် လျော့ကျနေသူများအတွက် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် သို့မဟုတ် တိုးစေရန် ကူညီပေးနိုင်သော ပြည့်စုံမျှတသည့် အာဟာရဓာတ်ကို ပေးစွမ်းရန် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

Ensure Gold® StrengthPro® သည် အလေးချိန်လျော့ကျစေရန် ကူညီပေးနိုင်ပါသလား။

Ensure Gold® StrengthPro® သည် အစာစားချင်စိတ်ကို မြှင့်တင်ပေးသည့် အစားအစာ ဖြည့်စွက်စာ၊ တစ်ခါတစ်ရံ အစားထိုးစာ သို့မဟုတ် အစာစားချိန် တစ်ချိန်နှင့်တစ်ချိန်ကြား အဆင်ပြေသော အရသာရှိသည့်သရေစာတစ်ခု ဖြစ်ပါတယ်။ ဤဖြည့်စွက်စာသည် ပြုပြင်ထားသော အစားအသောက်များ (modified diets) စားသုံးနေသူများ၊ အာဟာရချို့တဲ့နိုင်ခြေရှိသူများ၊ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်လျော့ကျနေသူများ သို့မဟုတ် နေမကောင်းမှု သို့မဟုတ် ခွဲစိတ်မှုမှ ပြန်လည်သက်သာလာသူများအတွက် အကျိုးပြုနိုင်ပါတယ်။ Ensure Gold® StrengthPro® ကို ကိုယ်အလေးချိန် လျှော့ချရန်အတွက် အဓိကထုတ်လုပ်ထားခြင်း မဟုတ်သော်လည်း လူတစ်ဦးအတွက် တစ်နေ့တာ လိုအပ်သော စုစုပေါင်း ကယ်လိုရီ ပမာဏကို ထည့်သွင်းစဉ်းစား၍ ကိုယ်အလေးချိန် လျှော့ချရန်အတွက် မျှတသော၊ ကယ်လိုရီ လျှော့ချထားသည့် အစားအသောက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သောက်သုံးနိုင်ပါတယ်။ သင့်အတွက် မှန်ကန်သည့် ကိုယ်အလေးချိန် လျှော့ချရေး အစီအစဉ် ရရှိရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် အလေးအနက်အကြံပြုအပ်ပါတယ်။

Ensure Gold® StrengthPro® သည် လူကြီးများအတွက်သာ သင့်လျော်ပါသလား။

Ensure Gold® StrengthPro® သည် အရွယ်ရောက်ပြီးသူများကို ပြည့်စုံမျှတသည့် အာဟာရ ပေးစွမ်းရန် ထုတ်လုပ်ထားသော သိပ္ပံနည်းကျ အခြေခံသည့် အာဟာရသောက်သုံးစရာတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားထုထည် ဆုံးရှုံးမှုကို ဖြေရှင်းပေးကာ ကြွက်သားကျန်းမာရေး၊ အလုံးစုံ ခံနိုင်ရည်နှင့် ခွန်အား ကို ပံ့ပိုးရန်အတွက် ကျန်းမာသော ဖြေရှင်းချက်တစ်ခု ဖြစ်စေပါတယ်။

Ensure Gold® StrengthPro® ကို ဘယ်နေရာတွေမှာ ဝယ်ယူနိုင်ပါသလဲ။

Ensure Gold® StrengthPro® ကို နီးစပ်ရာဆေးဆိုင်များနှင့် စူပါမားကတ်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။ အသေးစိတ်သိလိုသည်များရှိပါက Abbott Care ကို အများပြည်သူရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် (8:30) မှ ညနေ (5:00) နာရီအထိ +959 26035 6262 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Ensure Gold® StrengthPro® ဈေးနှုန်း ဘယ်လောက်လဲ။

ကုန်ပစ္စည်း၏စျေးနှုန်းများသည် ရောင်းချသူအပေါ် မူတည်ပါတယ်။

MMR.2025.67115.ENS.1 (v1.0)