သန်စွမ်းမှုအတွက် မတ်မတ်ရပ်လိုက်ပါ။ 

parallax

သင်၏ မတ်မတ်ရပ်နိုင်စွမ်းကို
အခုပဲစစ်ဆေးလိုက်ပါ။

  • သင်၏လက်ကို ကြက်ခြေခတ်ပုံစံလုပ်ပြီး ရင်ဘတ်ရှေ့မှာကပ်ထားပါ။
  • ထိုင်ရက်အနေအထားကနေ ခြေတစ်ချောင်းထဲဖြင့် မတ်တပ်ရပ်ပါ။
  • ၃ စက္ကန့်ကြာ ထိန်းထားပါ။

သတိပြုရန်အချက်

  • မိမိကိုယ်ကို ဒဏ်မဖြစ်စေရန် သို့မဟုတ် ဒဏ်ရာရခြင်းမဖြစ်စေရန် သတိထားပါ။
  • သင့်ဒူးခေါင်းများ နာကျင်စပြုလာပါက စမ်းသပ်မှုကို ချက်ချင်းရပ်တန့်လိုက်ပါ။
  • အရှိန်ရရန် အနောက်ကိုမမှီပါနှင့် သို့မဟုတ်ပါက သင် နောက်ပြန်လဲကျသွားနိုင်သည်။
  • သင့်အားကူညီပေးနိုင်ရန် အနီးအနားတွင် သင့်သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးရှိမှ စမ်းသပ်မှုကို ပြုလုပ်ပါ။
  • အကယ်၍ သင့်မှာ မကြာသေးမီက လဲကျမှု (သို့မဟုတ်) ဒဏ်ရာတစ်စုံတစ်ရာရှိပါက စမ်းသပ်မှုကို မကြိုးစားကြည့်ပါနှင့်။
Banner

သင်ပိုကောင်းအောင်
လုပ်နိုင်မယ်ထင်ပါသလား။

အကယ်၍ သင်သည်အသက် ၄၀ ကျော် သို့မဟုတ် ၅၀ ကျော် ဖြစ်နေလျှင် သတိထားရမည့် အချိန်ရောက်နေပါပြီ။ အဘယ်ကြောင့်ဆိုသော် သင် အသက် ၄၀ ကျော်လာသည်မှစ၍ ဆယ်စုနှစ်တစ်စုဖြတ်သန်းတိုင်း ကြွက်သားသည် ၈ % အထိ သဘာဝအလျောက် ဆုံးရှုံးနိုင်ပါသည်။ အသက် (၇၀) နောက်ပိုင်း၌ ထိုနှုန်းသည် ၁၅ % အထိ နှစ်ဆနီးပါး မြင့်တက်သွားပါသည်။ 1

ကြွက်သားထုထည် နည်းပါးခြင်းသည် အားနည်းမှုကို ဖြစ်ပေါ်စေပြီး လဲကျမှုများ၊ လှုပ်ရှားနိုင်စွမ်းမရှိခြင်း၊ ဆေးရုံတက်ရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် အသက်ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို တိုးမြင့်စေပါသည်။

သတင်းကောင်းမှာ အသက်အရွယ်ရလာခြင်းသည် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ကြွက်သားထုထည် ဆုံးရှုံးခြင်းမှာတော့ မဟုတ်ပါ။

1 Baier S et al,JPEN.2009;33(1):71-82.

Banner

သင် အမှန်တကယ်အားနည်းမှုမှ ရပ်တန့်ရန်
စောစီးစွာလုပ်ဆောင်ပါ။ 

လေ့ကျင့်ခန်း (၂) ခုကို ၁ ရက် (၃) ကြိမ် ပြုလုပ်ပါ။2

သင်၏ခြေထောက်ကြွက်သားများ သန်မာစေရန်။

မှတ်ချက် – အသက်ပြင်းပြင်းရှူခြင်းနှင့်အတူ
(၅) ကြိမ်၊ (၆) ကြိမ်ခန့်ပြုလုပ်ပါ။

သင်၏ဟန်ချက်ညီမှုကို တိုးတက်စေရန်။

မှတ်ချက် – ခြေတစ်ဖက်စီအတွက် (၁) မိနစ်စီ ပြုလုပ်ပါ။

မျှတသော အစားအသောက်ကို (၁ )ရက် (၃) ကြိမ်စားပါ

​မျှတသော အစားအသောက်ကို (၁ )ရက် (၃) ကြိမ်စားပါ

လေ့ကျင့်ခန်းလုပ်ခြင်းအပြင် သင်မည်သည်ကို စားသောက်နေသည်ကို ဂရုစိုက်ပါ။

သင့်ပန်းကန်ထဲ၌ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို မှန်ကန်သောမျှတမှုဖြင့် စားသုံးပါ။

သင်၏ကြွက်သားများကို အာဟာရဖြစ်စေရန် ပရိုတင်း၊ ကယ်လ်ဆီယမ် နှင့် ဗီတာမင် ဒီ စသည့် အဓိကအာဟာရဓာတ်များ ပါဝင်ပါစေ။

Banner

နေ့စဉ်ခွန်အားအတွက် သင်၏ကြွက်သားများကို အားဖြည့်ပါ။ ​

သင်၏ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပါ။ ဘီးတပ်ကုလားထိုင်ပေါ်ရောက်ဖို့ စောင့်မနေပါနှင့်။ ​

သင်၏ကျန်းမာရေးသည် သင့်လက်ထဲတွင်ရှိသောကြောင့် ယနေ့ပဲ သင့်ကျန်းမာရေးကို တာဝန်ယူလိုက်ပါ။

Banner

အရိုးအဆစ် ကြွက်သားများ၏ လုပ်ငန်းဆောင်တာများ၊ လှုပ်ရှားသွားလာနိုင်စွမ်းနှင့် အားအင်တက်ကြွမှုကို တိုးတက်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အာဟာရချို့တဲ့နေသော လူကြီးများအတွက် အစားအသောက်ဆိုင်ရာ အကြံဉာဏ်များပါရှိသော ပြည့်စုံမျှတသည့် ပါးစပ်မှသောက်ရသော အာဟာရဖြည့်စွက်စာ3 အပြင် ခွန်အား၊ အေရိုးဗစ်နှင့် ဟန်ချက်ညီစေသော လေ့ကျင့်ခန်းများကဲ့သို့သော ပုံစံမျိုးစုံလေ့ကျင့်ခန်းများဖြင့် တွဲဖက်လုပ်ဆောင်ရန် ခိုင်မာစွာ အကြံပြုထားပါသည်။4

3 A complete, balanced diet must contain sufficient amount of carbohydrate, protein, fat, vitamins, minerals and fiber in the required amounts and in the right proportion.
4 Integrated care for older people: guidelines on community-level interventions to manage declines in intrinsic capacity. Geneva: World Health Organization; 2017. License: CC BY-NC-SA 3.0 IGO.

Banner

MMR.2025.67905.ENS.1 (v1.0)