သင့်တော်သောအာဟာရကို ဟန့်တားစေသောအသက်အရွယ်နှင့်ဆိုင်သည့် စိန်ခေါ်မှုများ

သင့်တော်သောအာဟာရကို ဟန့်တားစေသောအသက်အရွယ်နှင့်ဆိုင်သည့်
စိန်ခေါ်မှုများ

Banner
Banner
Banner

လူကြီးများ၏ အာဟာရဆိုင်ရာကျန်းမာရေးသည် အလွန်အရေးကြီးလှသည်။ အာဟာရပြည့်ဝမှ ရောဂါများကို တိုက်ဖျက်နိုင်ပြီး၊ ဖျားနာခြင်း သို့မဟုတ် ခွဲစိတ်ကုသပြီး နာလန်ပြန်ထူခြင်းကို သိသိသာသာ အကျိုးသက်ရောက်စေမည်ဖြစ်သည်၊ ပိုမိုအရေးကြီးသည်မှာ ကျန်းမာသောဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူကြီးတစ်ယောက်၏ ကျန်းကျန်းမာမာနှင့် အာဟာရပြည့်ဝစေဖို့အတွက် စားလိုက်သည့်အစားအစာနှင့် အာဟာရကြား အကျိုးသက်ရောက်စေသည့် အချက်များစွာရှိသည်။ လူတစ်ဦး၏ အာဟာရဆိုင်ရာ ဗဟုသုတ၊ သောက်သုံးသည့် ဆေးဝါး၊ လှုပ်ရှားနိုင်စွမ်း၊ စောင့်ရှောက်ပေးသူ၏ အကူအညီနှင့် ခံတွင်းကျန်းမာရေးတို့ကို ကြည့်ပြီး ထိုလူတစ်ဦးက
မည်သည့်အစားအစာကို မည်သည့်အချိန်၊ မည်သည့်နေရာ၌ စားသုံးသည်ကို ဆုံးဖြတ်နိုင်ပါသည်။

လူကြီးများသည် ကျန်မာရေးနှင့်ညီညွတ်သောအစားအစာကို စားသုံးရန်အရေးကြီးပါသည်။ အသက်အရွယ်ရလာခြင်းက အမျိုးမျိုးသော အပြောင်းအလဲများဖြစ်သော ချို့တဲ့မှုများ၊ ဘဝနေထိုင်မှုအရည်အသွေးကျဆင်းခြင်း၊ မကျန်းမာသောရလဒ်များ နှင့်ချိတ်ဆက်နေပါသည်။ ကံကောင်းစွာဖြင့် အခုခေတ်မှာတော့ကျန်မာရေး အသိပညာများတိုးလာခြင်းကြောင့် အသက်အရွယ်အလိုက် အာဟာရချို့တဲ့မှုကို အာဟာရကြွယ်ဝသော အစားအစာများ စားသုံးခြင်းနှင့် သင့်လျော်သောဖြည့်စွက်စာများသောက်သုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ လူတစ်ဦးအသက်ကြီးလာသည်နှင့်အမျှ ရင်ဆိုင်ရမည့် အာဟာရနှင့်ဆိုင်သည့်စိန်ခေါ်မှုများကို အောက်တွင်ဖော်ပြထားပါသည်။

၁။ အစာစားချင်စိတ်လျော့နည်းလာခြင်း

လူကြီးများသည် ၎င်းတို့၏ အနံ့အရသာခံနိုင်စွမ်းပြောင်းလဲမှုများအပြင် နေထိုင်မှုပုံစံ ပြောင်းလဲမှုများကြောင့် အစာစားချင်စိတ်ကို လျော့နည်းစေပါသည်။ လေ့လာမှုများအရ လူကြီးများသည် ဆာလောင်မှုကိုဖြစ်စေသော ဟော်မုန်းများနည်းပါးခြင်းနှင့် ဗိုက်ပြည့်ခြင်းကိုဖြစ်စေသည့် ဟော်မုန်းများ မြင့်တက်လာလေ့ရှိသဖြင့် ဆာလောင်မှုနည်းပါးလာခြင်းနှင့် ဗိုက်ပြည့်လွယ်ခြင်းတို့ကို ပိုမိုမြန်ဆန်စွာ ဖြစ်လာလေ့ရှိသည်။ သွားများဆုံးရှုံးခြင်း၊ အထီးကျန်ခြင်း၊ ဆေးဝါးများသောက်သုံးရခြင်းနှင့် ရောဂါအခံများကြောင့်လည်း အစာစားချင်စိတ်ကို ပျောက်ဆုံးစေနိုင်သည်။

အာဟာရပြည့်ဝစွာပါဝင်သည့် အစားအစာများကို နည်းနည်းချင်းစီဖြင့် တစ်နေ့တာလုံး ခွဲဝေကျွေးခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများဖြစ်သည့် အယ်လ်မွန်စေ့များ၊ ဒိန်ချဉ်နှင့် ကြက်ဥကဲ့သို့သော အစားအစာများကို အဆာပြေကျွေးခြင်းကလည်း အထောက်အကူဖြစ်စေပါသည်။

၂။ ကြွက်သားနှင့်ခွန်အားများ လျော့နည်းလာခြင်း

Sarcopenia သည် ကြွက်သားထုထည်နှင့် ခွန်အားဆုံးရှုံးမှုအတွက် ကျန်မာရေးနှင့်သက်ဆိုင်သော စိန်ခေါ်မှုများဖြစ်သည်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်သူတိုင်းသည် အသက် (၃၀) ပြည့်ပြီးသည့်နောက် ဆယ်စုနှစ် တစ်ခုတိုင်း ၎င်းတို့၏ ကြွက်သား (၃)% မှ (၈)% ကိုဆုံးရှုံးလေ့ရှိသည်။ ထိုသို့ဖြစ်ခြင်းကြောင့် ကျိုးပဲ့ခြင်းနှင့် အခြားဒဏ်ရာရခြင်းအန္တရာယ်များအား တိုးမြင့်စေသည်။

အဆိုပါ အချက်ကို ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာပါသည့် အစားအစာများကို သေချာစားသောက်ခြင်းအပြင် လေ့ကျင့်ခန်းလုပ်သည့်အခါမှာလည်း ခွန်အားလေ့ကျင့်ခန်းလုပ်ပေးခြင်း ဖြစ်ပါသည်။

၃။ အရိုးဆုံးရှုံးမှု

လူတစ်ယောက် အသက်ကြီးလာသည်နှင့်အမျှ ၎င်းခန္ဓာကိုယ်ကလည်း ကယ်လ်ဆီယမ်စုပ်ယူမှု အားနည်းလာသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ဗီတာမင်ဒီ ထုတ်လုပ်မှု လျော့နည်းလာခြင်းမှသည် ဗီတာမင်ဒီ ချို့တဲ့မှုကြောင့် ကယ်လ်စီယမ် စုပ်ယူမှု လျော့ကျခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်း ဖြစ်ပါသည်။

အသက်ရွယ်နှင့်ဆိုင်သည့် ကျန်းမာရေးပြဿနာကို ဖြေရှင်းရန်အတွက် လူတစ်ယောက်သည်
ကယ်လ်စီယမ် ပါဝင်သော နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင်ရှိသည့်ဟင်းသီးဟင်းရွက်များ၊
ဆော်လမွန်နှင့် ဟာရင်းငါးကဲ့သို့သော ငါးအမျိုးမျိုး အပါအဝင် ကယ်လ်ဆီယမ်ပါဝင်သည့်
အစားအစာများနှင့် Cod Liver ကဲ့သို့သော Vitamin D ကြွယ်ဝသောဖြည့်စွက်စာများကို
စားသုံးရန် တိုက်တွန်းထားပါသည်။

အတိုချုပ်ရလျှင် အထက်ဖော်ပြပါ ကျန်းမာရေးစိန်ခေါ်မှုများကို ကျော်လွှားရန် နည်းလမ်းများ
ရှိပါသည်။ အဓိကသော့ချက်မှာ ၎င်းတို့ကိုဖြေရှင်းရန် သတိရှိရှိ ကြိုးပမ်းခြင်း၊ ကျန်းမာစွာ
စားသောက်နေထိုင်ရန် ကြိုးစားခြင်းပင် ဖြစ်ပါသည်။