မရည်ရွယ်ဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း- လူကြီးများ ကိုယ်အလေးချိန် အဘယ်ကြောင့်
ကျဆင်းလာပါသလဲ

မရည်ရွယ်ဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း- လူကြီးများ ကိုယ်အလေးချိန် အဘယ်ကြောင့်
ကျဆင်းလာပါသလဲ

Banner
Banner
Banner

လူကြီးများတွင် ပိုလျှံနေသော ကိုယ်အလေးချိန် ကျဆင်းခြင်းသည် များသောအားဖြင့် ၎င်းတို့၏ကျန်းမာရေးကို ကောင်းမွန်စေရန်  အပြုသဘောဆောင်စေပါသည်။ သို့သော် အခြားတစ်ဖက်တွင်မူ အချို့သော လူကြီးများသည် အစားအသောက် ထိန်းသိမ်းခြင်း (သို့မဟုတ်) လေ့ကျင့်ခန်းမပြုလုပ်ဘဲ သို့မဟုတ် သဘာဝအတိုင်းကြွက်သားဆုံးရှုံးခြင်း (Sarcopenia) ကြောင့် ကိုယ်အလေးချိန်ကျခြင်းသည် စိုးရိမ်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ (၆)လတာကာလအတွင်း မရည်ရွယ်ဘဲ ကိုယ်အလေးချိန် ၅% ကျော်ကျဆင်းခြင်းသည် ဆိုးရွားသော ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ အသက် ၄၀ နှစ်အရွယ်မှ စတင်၍ အစားအသောက် သို့မဟုတ် ဖြည့်စွက်စာများ (ဥပမာ- Ensure Gold® StrengthPro®) မှ အာဟာရဓာတ်များနှင့် အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ဖြင့် ကြွက်သားဆုံးရှုံးမှုကို ကြိုတင်ကာကွယ်နိုင်မည်ဆိုပါက နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို ရရှိစေနိုင်သည်။ ယနေ့ကျွန်ုပ်တို့သည် မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၏ ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းများကိုလေ့လာပါမည်။1,2,3

၁။ ရောဂါရှာဖွေမရနိုင်သော (သို့မဟုတ်) သွေးချိုဆီးချိုရောဂါ စီမံခန့်ခွဲမှု အားနည်းခြင်း

ရက်သတ္တပတ်အနည်းငယ်မှ တစ်လအတွင်း မရည်ရွယ်ဘဲ ကိုယ်အလေးချိန် လျှင်မြန်စွာကျဆင်းခြင်းသည် သင်မစစ်ဆေးရသေးပါက သွေးချိုဆီးချိုရောဂါ၏ အစောပိုင်းလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ မထိန်းချုပ်နိုင် ပါက အားအင်ချို့တဲ့ခြင်း၊ မကြာခဏဆီးသွားခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဆီးချိုသွေးချိုရောဂါရှိသူများတွင် အင်ဆူလင် မညီမျှမှုကြောင့် ဖြစ်သည်။ ဆီးချိုသွေးချိုအမျိုးအစား ၂ တွင် အင်ဆူလင်ကို တုံ့ပြန်မှုနည်းခြင်းနှင့် ဆီးချိုသွေးချိုအမျိုးအစား ၁ လူနာများတွင် ကိုယ်ခန္ဓာက အင်ဆူလင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ခြင်းကြောင့် ကိုယ်ခန္ဓာသည် လုံလောက်မှုမရှိဟု ခံစားရပြီး အဆီနှင့် ကြွက်သားများမှ စွမ်းအင်ကို လောင်ကျွမ်းစေပါသည်။ အစားအသောက် ချိန်ညှိခြင်းများ သို့မဟုတ် အာဟာရဖြည့်စွက်စာများမှ လွယ်ကူစွာ ထိန်းချုပ်နိုင်ပါသည်။ သွေးတွင်းသကြားဓာတ် အလွန်အမင်း မတက်စေရန် ဆီးချိုသွေးချိုလူနာများအတွက် အထူးထုတ်လုပ်ထားသော ဖြည့်စွက်စာများ (ဥပမာ- Glucerna) သည် ပိုမိုသင့်လျော်ပါသည်။1, 2

၂။ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများ

အစာမကြေခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်းနှင့် သိသာထင်ရှားသောအူသိမ်အူမ မအီမသာဖြစ်မှုတို့သည် ကိုယ်အလေးချိန်ကျဆင်းစေနိုင်သော အစာအိမ်နှင့်အူလမ်ကြောင်းဆိုင်ရာ ပြဿနာအချို့ဖြစ်သည်။ အသက်ကြီးလာသည့်နှင့်အမျှ ခန္ဓာကိုယ်သည် ဇီဝဗေဒဆိုင်ရာ ပြောင်းလဲမှုများစွာကို ဖြတ်သန်းပြီး အစာချေခြင်းနှင့် အာဟာရစုပ်ယူမှုတို့တွင် အားနည်းလာသည်။ ယင်းကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးမှုကို မထိန်းနိုင်ဘဲ ကြွက်သားနှင့် ကိုယ်တွင်းအင်္ဂါများမှ ဆွဲထုတ်သုံးစွဲရသည့်အတွက် အခြားသော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပါသည်။1, 4

၃။ ကိုယ်ခံစွမ်းအားပြဿနာများ

နာတာရှည်ရောဂါများ သို့မဟုတ် ဖျားနာလွယ်ခြင်းတို့သည် ကိုယ်ခန္ဓာကို ရောင်ရမ်းမှု တုံ့ပြန်ခြင်းများဖြင့် ဖိစီးစေပြီး ၎င်းသည် ပရိုတင်းစုပ်ယူမှု အာဟာရချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါသည်။ အခြားတစ်ဖက်မှာလည်း အထက်တွင် ဖော်ပြခဲ့သော အူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် စီမံခန့်ခွဲမှု အားနည်းသော ဆီးချိုသွေးချိုရောဂါသည် ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ချေရှိသည်။ ပရိုတင်းနှင့် အိုမီဂါ (3) ဖက်တီးအက်စစ်ကဲ့သို့သော အာဟာရဓာတ်များ စုပ်ယူမှုအားနည်းခြင်းကြောင့် ကိုယ်ခံအားဆဲလ်များသည် ရောဂါပိုးများကို တုံ့ပြန်ရာတွင် ကာကွယ်ထားသည်။.4, 5 Yeast β-Glucan ဆိုသည်မှာ တဆေးမှရရှိသော အစားအစာတွင်ပါဝင်သည့် အမျှင်ဓာတ်တစ်မျိုး ဖြစ်ပါသည်။ ၎င်းကို တစ်နေ့လျှင် (၂၅၀) မီလီဂရမ် (250mg) သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား ကျန်းမာရေးကို အထောက်အကူပြုကြောင်း ဆေးဘက်ဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ သက်သေပြထားပါသည်။~

ကုသခြင်း

သင်ချစ်ခင်ရသူ တစ်ဦးဦးသည် ဝါးရခက်ခြင်း၊ အစာစားချင်စိတ် အလွယ်တကူ လျော့နည်းခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အူလှုပ်ရှားမှု တို့ ရှိပါသလား။ ဤမေးခွန်းများထဲမှ တစ်ခုခုကို ဟုတ်သည်ဟု ဖြေပါက တွေ့ရှိချက်များကို မှတ်တမ်းတင်ပြီး အလုံခြုံဆုံး ကုသမှုရွေးချယ်စရာများအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေး ပါ။ မရည်ရွယ်ဘဲ ကိုယ်အလေးချိန် လျော့ကျခြင်းအတွက် အရိုးရှင်းဆုံး ကုသမှုရွေးချယ်စရာမှာ အစားအသောက် ချိန်ညှိခြင်းဖြစ်သည်။ Hydroxymethylbutyrate (HMB) ကဲ့သို့သော အရည်အသွေးမြင့် ပရိုတင်းများနှင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ် များကြွယ်ဝစွာ ဖြည့်တင်းပေးခြင်းသည် ဆုံးရှုံးမှုကို တန်ပြန်ရန်အတွက် အရေးကြီးပါသည်။ သို့သော် အစာစားချင်စိတ် လျော့နည်းနေသည့် လူကြီးတစ်ဦးသည် လုံလောက်စွာ စားသုံးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နှစ်ပေါင်း ၃၀ ကျော် သုတေသနများ၏ ထောက်ခံထားသော Ensure Gold® StrengthPro® ကဲ့သို့သော ဖြည့်စွက်စာများသည် လူကြီးတစ်ဦး၏ အလုံးစုံကျန်းမာရေးနှင့် ကိုယ်အလေးချိန် ထိန်းချုပ်မှုအတွက် မျှတသော အာဟာရ ကို ပေးစွမ်းနိုင်ပါသည်။ HMB ၁.၅ ဂရမ်၊ YBG ၂၅၀ မီလီဂရမ်၊ လုံလောက်သော အိုမီဂါဖက်တီးအက်ဆစ် ပမာဏများအပြင် ဗီတာမင်နှင့် သတ္တုဓာတ် ၂၈ မျိုး ပါဝင်သော ဤထုတ်ကုန်ကို အစားအသောက်နှင့်အတူ ၂ ကြိမ် သောက်သုံးပါက ၈ ပတ်အတွင်း အစာစားချင်စိတ်နှင့် ခွန်အားကို ပြန်လည်ထိန်းသိန်းနိုင်ပြီး* ၄ ပတ်အတွင်း ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်ပါသည်။~ သင်ကိုယ်တိုင် သို့မဟုတ် သင်ချစ်ခင်ရသူ၏ ကျန်းမာရေးကို ဂရုစိုက်ပြီး Ensure Gold® StrengthPro® နှင့်အတူ ခွန်အားကို မြှင့်တင်ခြင်းဖြင့် ရည်ရွယ်ထားသည့်အတိုင်း ကောင်းမွန်သော အာဟာရပြည့်ဝစွာဖြင့် ဘဝကို ဆက်လက်နေထိုင်လိုက်ပါ။1, 3, 6

*Edington J et al. Clin Nutr. 2004 Apr;23(2):195-204. ~Zhong K, et al. Eur J Nutr. 2021;60(8):4175-4187; McFarlin BK, et al. J Diet Suppl. 2013;10(3):171-83; Talbott S, et al. Journal of sports science & medicine.2009;8(4):509-15.

ကိုးကားချက်များ
1. https://www.leisurecare.com/resources/why-do-seniors-lose-weight/
2. https://health.clevelandclinic.org/what-you-should-know-about-unexplained-weight-loss-and-diabetes/
3. https://stellishealth.com/4-common-causes-of-unplanned-weight-loss-in-seniors/
4. https://www.consultant360.com/articles/involuntary-weight-loss-elderly
5. https://www.24alife.com/blog/2021/03/losing-weight-and-immune-system/
6. https://abbottfamily.com.sg/brands/ensure/range

MMR.2025.67073.ENS.1 (v1.0)