ဆီးချိုရောဂါရှိသူများအတွက် အာဟာရသည် အဘယ်ကြောင့် အကောင်းဆုံး ခုခံကာကွယ်မှု
ဖြစ်ပါသလဲ။

ဆီးချိုရောဂါရှိသူများအတွက် အာဟာရသည် အဘယ်ကြောင့် အကောင်းဆုံး
ခုခံကာကွယ်မှု
ဖြစ်ပါသလဲ။

Banner
Banner
Banner

ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်လာလျှင် အမျိုးအစား (၁) ဆီးချိုသွေးချို သည် သင်၏ခန္ဓာကိုယ်မှ အင်ဆူလင်ကို အနည်းငယ်ကနေ လုံးဝမထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး အမျိုးအစား (၂) သည် သင်၏ခန္ဓာကိုယ်မှ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ အသုံးမချနိုင်သည်ကို အများစု သိကြပြီးဖြစ်ပါသည်။ ထိန်းညှိနိုင်ခြင်းမရှိပါက ဆီးချိုသွေးချိုရောဂါရှိသူများသည် နာတာရှည် ရောင်ရမ်းမှုများ ဖြစ်ပေါ်လာနိုင်သည်။ မည်သို့ပင်ဖြစ်စေ သွေးတွင်းသကြားဓာတ်ကို စီမံခန့်ခွဲရန် အကောင်းဆုံးနည်းလမ်းမှာ သင့်လျော်သော အာဟာရဓာတ် ရရှိခြင်း ဖြစ်ပါသည်။ ယနေ့တွင် လတ်ဆတ်သော အစားအစာများမှတစ်ဆင့် အရည်အသွေးကောင်းမွန်သော အာဟာရသည် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် အကောင်းဆုံး ခုခံကာကွယ်မှု ဖြစ်ရခြင်း အကြောင်းရင်းကို ကျွန်ုပ်တို့ ဆွေးနွေးပါမည်။1,4

ကောင်းမွန်သော အာဟာရသည် သင်စားသည့်အရာကို ခြေရာခံနိုင်စေသည်

အစားအစာ ရွေးချယ်စရာများသည် အလွန်စုံလင်သောကြောင့် ဆီးချိုသွေးချိုရောဂါကို စီမံခန့်ခွဲရန်အတွက် သင်နှစ်သက်သော အစားအစာအုပ်စုများကို လက်တွေ့ကျကျ ရွေးချယ်နိုင်သည်။
ဆီးချိုသွေးချိုရောဂါရှိသူများစားသုံးသော အစားအစာများသည် ပေါ့ရွှတ်ပြီး အရသာမရှိဟု
သင် စိုးရိမ်နိုင်သော်လည်း၊ ၎င်းသည် သင်စားသည့် အစားအစာထက် သင်မည်မျှ စားသုံးသည်
ဆိုသည့်အပေါ် ပိုမိုသက်ဆိုင်ပါသည်။ ပထမဆုံးအနေဖြင့် သင်သည် အသားအမျိုးမျိုး
စားသုံးနေပါသလား၊ တစ်နပ်စာတွင် အသီးအရွက် မည်မျှပါသလဲ၊ ဆီကြော်စာများ
ပါဝင်နေပါသလား၊ သကြားပါသော အချိုရည်များ သောက်နေပါသလား သို့မဟုတ်
တစ်နေ့လျှင် ကော်ဖီတစ်ခွက်ထက် ပိုသောက်နေပါသလားဟု သင့်ကိုယ်သင် မေးမြန်းခြင်းဖြင့်
စတင်ပါ။ သင် စတင်ရေတွက်သည့်အခါ မည်သည့်အရာများကို လျှော့ချနိုင်သည်ကို
သိရှိလာပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ချိန်ညှိနိုင်မည်ဖြစ်သည်။2

အရေအတွက်ထက် အရည်အသွေးက အဘယ်ကြောင့် အရေးကြီးပုံ 

ကံမကောင်းစွာဖြင့် ကစီဓာတ်အားလုံးသည် အရည်အသွေး တူညီခြင်းမရှိပါ။ အစားအစာတစ်ခုသည် သင်၏သွေးတွင်းသကြားဓာတ်ကို မည်မျှမြှင့်တင်ပေးနိုင်သည်ကို သိရှိရန်အတွက် အစားအသောက်အချိုဓာတ်အညွှန်းကိန်း(GI)ကို ဆန်းစစ်ပါ။ GI သည် အစားအစာများကို ၀ မှ ၁၀၀ အတွင်း အဆင့်သတ်မှတ်ထားပြီး၊ အဆင့်သတ်မှတ်ချက် နည်းသော အပိုင်းသည် သွေးတွင်း အချိုဓာတ်ကို ဖြည်းဖြည်းချင်း မြှင့်တက်စေပြီး၊ အဆင့်သတ်မှတ်ချက် မြင့်သော အပိုင်းသည် ပိုမိုလျင်မြန်စွာမြင့်တက်စေသည်။ GI အဆင့်သတ်မှတ်ချက်ကိုသိရှိရန် စူးစမ်းရှာဖွေခြင်းသည်​
တစ်ခုတည်းသောနည်းလမ်းဖြစ်သော်လည်း အလွယ်ကူဆုံးနည်းလမ်းမှာ အစားအစာကိုပြုပြင်
ထုတ်လုပ်မှု နည်းလေလေ၊ သန့်စင်မှု နည်းလေလေ GI အဆင့်သတ်မှတ်ချက် နည်းလေလေ ဖြစ်သည်ကို မှတ်သားထားခြင်း ဖြစ်ပါသည်။ ရှုပ်ထွေးသော ကစီဓာတ်များကို ကောက်ပဲသီးနှံများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲများတွင် တွေ့ရပြီး ရိုးရှင်းသော ကစီဓာတ်များ သို့မဟုတ် သကြားများကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲထားသော ကောက်ပဲသီးနှံများနှင့် ပြန်လည်ပြုပြင်ထားသောအစားအစာများမှ ရရှိပါသည်။ အရည်အသွေးအရ ပြောရလျှင် အာလူးကြော်သည် အုတ်ဂျုံပန်းကန်လုံးတစ်လုံးထက် GI နည်းပါးပုံရသော်လည်း အုတ်ဂျုံတွင် အာဟာရပိုမိုပါဝင်ပြီး ဗိုက်ပြည့်စေသော အမျှင်ဓာတ်များ ပါရှိသည်။ ထို့ကြောင့်
ဆီးချိုသွေးချိုရောဂါရှိသူများသည် အကျိုးမဲ့ ကယ်လိုရီများကို ရှောင်သင့်သည်။1,2

ဖြည့်စွက်စာများနှင့် ဆီးချိုသွေးချိုအတွက် သီးသန့် ဖော်မြူလာများ

ဆီးချိုသွေးချိုရောဂါကို ထိန်းညှိရန် အဓိကသော့ချက်မှာ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပြီး ကုသခြင်း ဖြစ်သည်။ အခြေအနေများ ကြာရှည်လာပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်သည်။ နာတာရှည် ရောင်ရမ်းမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုးမွှားများကို တိုက်ဖျက်ရန် ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး အခြားသော မရှိမဖြစ်လိုအပ်သည့် ကိုယ်တွင်းအင်္ဂါများ၏ စွမ်းဆောင်ရည်ကိုလည်း လျော့ကျစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သွေးလည်ပတ်မှု အားနည်းခြင်းဟာ ခန္ဓာကိုယ်ခုခံအား ကာကွယ်ရေး ယန္တရားများကို စုစည်းပြီး အာဟာရဓာတ်များကို ဖြန့်ဝေရန် အချိန်ပို ကြာစေသောကြောင့်ဖြစ်ပါသည်။1,3

အစားအစာတစ်ခုတည်းမှ ကောင်းမွန်သောအာဟာရရရှိရန် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ရှုပ်ထွေးနိုင်ပြီး၊ ထို့ကြောင့်၎င်းတို့သည်ဆီးချိုသွေးချိုရောဂါအတွက် အထူးအာဟာရဖော်မြူလာများ၏ အကူအညီကို သုံးရခြင်း ဖြစ်သည်။ Glucerna သည် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားသည် ဖြစ်ပြီး၊ တစ်ကြိမ်သောက်သုံးမှုတွင် GI အဆင့်သတ်မှတ်ချက် နည်းပါသည်။ ကျန်းမာရေး ကျွမ်းကျင်သူများစွာက အကြံပြုထားသော Glucerna သည် သွေးတွင်းအချိုဓာတ် တုံ့ပြန်မှုကို စီမံခန့်ခွဲရာတွင် ခန္ဓာကိုယ်၏ သဘာဝ လုပ်ငန်းစဉ်ကို ကူညီနိုင်စွမ်းရှိပါသည်။ ကယ်လိုရီနည်းပြီး ပရိုတင်းနှင့် အမျှင်ဓာတ် နှစ်မျိုး ပါဝင်ကာ ဗိုက်ပြည့်တင်းမှုကို ပိုမိုကြာရှည်စေခြင်း၊ နှလုံးကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်များ၊ ဗီတာမင် ဒီ၊
ကယ်လ်စီယမ်၊ ဇင့်နှင့် သံဓာတ်တို့ ပါဝင်သောကြောင့် Glucerna ကို ဆီးချိုသွေးချိုရောဂါ
ရှိသူများ ၎င်းတို့၏ နေ့စဉ် အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် သွေးတွင်း
သကြားဓာတ်ကို ထိန်းချုပ်ရန်အတွက် အစားအစာ အစားထိုးအဖြစ် အသုံးပြုနိုင်ပါသည်။
1,3

ကိုးကားချက်များ
1. https://abbottnutrition.com.my/adult-nutrition/nutrition-the-underutilized-tool
2. https://familydoctor.org/condition/diabetes/
3. https://diatribe.org/issues/63/learning-curve
4. https://www.verywellhealth.com/what-are-the-common-infections-with-diabetes-1087622

MMR.2025.67085.GLU.1 (v1.0)