သင့်ရဲ့ဆာလောင်မှုကိုစီမံခန့်ခွဲခြင်း၏ အရေးပါပုံ
ဆီးချိုသွေးချိုရောဂါရှိသူများသည် အစာဆာလောင်မှုကို အဘယ်ကြောင့် ထိန်းချုပ်ရန် လိုအပ်သနည်း။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ သွေးတွင်း ဂလူးကို့စ်အဆင့်ကို ထိန်းညှိရန် ဖြစ်သည်။ အစာရှောင်ခြင်းဖြင့် အစားလျော့ခြင်းသည် ယုတ္တိရှိပုံရသော်လည်း ဆီးချိုသွေးချိုရောဂါရှိသူများသည် တစ်နေ့လျှင် သုံးနပ် စားသုံးရန် လိုအပ်သည်။ ခန္ဓာကိုယ်အနေဖြင့် ကစီဓာတ်ချို့တဲ့မှုအား
မကြိုက်သောကြောင့် အစာရှောင်ခြင်းကြောင့် ဆာလောင်မှုစိတ်ဆန္ဒမြင့်တက်လာပြီး
မရပ်တန့်ဘဲအလွန်အကျွံစားမိခြင်း သို့မဟုတ် အလွန်အမင်းအစားစားခြင်းတို့ (Polyphagia) ကို
ဖြစ်ပေါ်လာစေပါသည်။ 2, 3
အစာနည်းပါးစွာ စားသုံးခြင်းသည် သင်၏ သွေးတွင်းသကြားဓာတ် လွန်စွာနည်းခြင်း ကို ပိုဆိုးစေကာ သွေးတွင်း အချိုဓာတ်ကို ပုံမှန်မဟုတ်ဘဲ အလွန်အမင်း နည်းပါးစေပြီး မူးမေ့လဲကျစေနိုင်သည်။ သို့မဟုတ် အစားအစာများဖြင့် အလွန်အကျွံ စားသုံးခြင်းသည် သွေးတွင်း အချိုဓာတ် ကြာရှည်စွာ အလွန်အမင်း မြင့်မားနေချိန်၌ နှလုံးနှင့် အာရုံကြော ထိခိုက်ပျက်စီးမှုများကို ဖြစ်စေနိုင်သည်။ အားလုံးသောရောဂါလက္ခဏာများ၊ အစားအသောက် ရွေးချယ်မှုပြောင်းလဲမှုများကို မှတ်တမ်းထားရှိပြီး မိသားစု သို့မဟုတ် သူငယ်ချင်းများ၊ အထူးသဖြင့် သင့်ဆရာဝန်နှင့် မျှဝေဆွေးနွေးရန် မည်သည့်အခါမှ ရှက်ရွံ့မနေသင့်ပါ။2, 5