သင့်အစားအစာတွင် Myo-Inositol ပိုမိုရရှိနိုင်ပုံ
Inositol ဖွဲ့စည်းသည့်ဓာတ်များ မြင့်မားစွာ ပါဝင်သော အစားအစာများမှာ ကောက်ပဲသီးနှံများ၊
ပဲများ၊ အခွံမာသီးများနှင့် အချို့သောသစ်သီးတို့ ဖြစ်ပါသည်။ သင်၏ အစားအစာ ရွေးချယ်မှု
များ ပေါများသော်လည်း Myo-inositol (အင်ဆူလင် လုပ်ဆောင်ချက်ကို အတုယူရန်အတွက် အကောင်းဆုံး) ကို ရရှိရန်အတွက် မှန်ကန်သော အစားအစာ ချိန်ခွင်လျှာကို ရယူရန် အတော်လေး ခက်ခဲပါသည်။ ၎င်းမှာ အစားအစာ၏ အချိုဓာတ်ပမာဏအညွှန်းကိန်း (Glycemic Load သို့မဟုတ် Index) သည်လည်း အရေးပါသောကြောင့် ဖြစ်သည်။ 3, 6, 7
၁ မှ ၁၀၀ အတွင်း အဆင့်သတ်မှတ်ရာတွင် သင်စားသုံးသော အစားအစာအများစုသည် အဆင့်သတ်မှတ်ချက်မြင့်နေပါက (ဥပမာ- ပြန်လည်ပြုပြင်ထားသောအစားအစာများနှင့် အဆင့်ဆင့်ပြုပြင်ပြောင်းလဲထားသောသကြားများ) သွေးတွင်းအချိုဓာတ်ကို မြင့်တက်နေစေမည်ဖြစ်ပြီး
သင့်ဆီးချိုသွေးချိုရောဂါ အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူအချို့လူနာများသည် ဆရာဝန်များ၏ ညွှန်းဆိုချက်အရ ဆီးချိုသွေးချိုရောဂါအတွက် အထူးဖော်မြူလာ (DSF) အကူအညီကို အသုံးပြုကြသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဆရာဝန်များညွှန်းဆိုသည့် နံပါတ် ၁ ဆီးချိုသွေးချိုအာဟာရဖော်မြူလာ8 Glucerna ကို ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားသည်။ တစ်ကြိမ်သောက်သုံးမှုသည် ၎င်း၏ အသစ်နှင့် ပိုမိုကောင်းမွန်လာသော ကစီဓာတ်11 နှင့် Myo-inositol9
၄ ဆ ပိုမိုပါဝင်ခြင်းကြောင့် GI အဆင့်သတ်မှတ်ချက် နည်းပါးပြီး သွေးတွင်း ဂလူးကို့စ်ပမာဏများကို ထိရောက်စွာ စီမံခန့်ခွဲရန် ကူညီပေးနိုင်ပါသည်။11 Glucerna ကို အမျှင်ဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ် ၂၈ မျိုး၊ နှလုံးကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်များနှင့် ကိုယ်ခံအားမြှင့်တင်ရန် ပါဝင်ပစ္စည်း ၁၂ မျိုး (သွေးတွင်းပိုလျှံနေသောအချိုဓာတ်သည် ကိုယ်ခံစွမ်းအားဆဲလ်များ၏ ထိရောက်မှုကို အဟန့်အတားဖြစ်စေသည်) တို့ဖြင့်လည်း ဖော်စပ်ထားပြီး ၄ ပတ်အတွင်း
သွေးတွင်း အချိုဓာတ်ကို ထိန်းညှိရန် ကူညီနိုင်ပါသည်+။10
အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ခြင်းသည် သွေးတွင်း ဂလူးကို့စ်ပမာဏများကို ထိန်းညှိရန်နှင့် ဆီးချိုသွေးချိုရောဂါဖြင့် ကောင်းမွန်စွာ နေထိုင်ရန်အတွက် အဓိကသော့ချက် ဖြစ်ပါသည်။ အစားအစာနှင့် အရည်အသွေးမြင့် ကစီဓာတ်များသည် သင့်ကို စိတ်ကျေနပ်မှုနှင့် အာဟာရပြည့်ဝမှု ရှိစေရန်အတွက် အရေးပါသောအရာများဖြစ်ပါသည်။ ထပ်ဆောင်းအကူအညီအတွက် Glucerna® ကို တစ်နေ့လျှင် ၂ ကြိမ် (တစ်ကြိမ်သောက်လျှင် ၅ ဇွန်းနှင့် ရေ ၂၀၀ မီလီလီတာ) သောက်သုံးခြင်းသည် GI နည်းသော ရွေးချယ်မှုအဖြစ် အစားအစာအချို့ကို အစားထိုးရန်ကူညီပေးနိုင်ပါသည်။ သို့သော် Glucerna® ကို သင်၏ နေ့စဉ် အစားအသောက်တွင် မည်သို့ ထည့်သွင်းရမည်ကို သင့်ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်ဆွေးနွေးရန် သတိရပါ။7