ဆီးချိုရှိသူ၏​
ပါးနပ်စွာရွေးချယ်မှု​
၌မြန်မာ့လူကြိုက်​
များအစားအစာများ​
၏အချိုဓါတ်အညွှန်း​
ကိန်းဘယ်နေရာမှာ​
ရှိသလဲ

ဆီးချိုရှိသူ၏​
ပါးနပ်စွာရွေးချယ်မှု​
၌မြန်မာ့လူကြိုက်​
များအစားအစာများ​
၏အချိုဓါတ်အညွှန်း​
ကိန်းဘယ်နေရာမှာ​
ရှိသလဲ

Banner
Banner
Banner

လူသားများကို စုစည်းပေးရာတွင် အစားအစာသည် ကမ္ဘာသုံးဘာသာစကားဖြစ်သည်ဟု ဆိုရိုးစကားရှိပါသည်။ အစားအစာမှတစ်ဆင့် လူသားတို့မည်သို့နေထိုင်နေကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ကျန်းမာရေးအတွက် ပြည့်ဝစွာစားသုံးခြင်း၊ အစားအသောက်ထိန်းသိမ်းခြင်း သို့မဟုတ် ဗိုက်ဝရုံသက်သက် စားသုံးသည်ဖြစ်စေ၊ အစားအစာအားလုံးသည် အရသာရှိသော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့၏ ကျန်းမာရေးကို သက်ရောက်မှုရှိပုံချင်း မတူညီကြပေ။ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့ အနှစ်သက်ဆုံးသော အစားအစာများသည် သွေးတွင်းအချိုဓာတ်တွင် မည်သို့ အဆင့်သတ်မှတ်ထားပါသနည်း (သင်၏သွေးတွင်းအချိုဓာတ် မည်မျှ လျင်မြန်စွာတက်သည်နှင့် ပတ်သက်၍ ၀ မှ ၁၀၀ အဆင့်သတ်မှတ်ချက်)။1, 2, 3, 4

မနက်စာ

အခြားယဉ်ကျေးမှုများကဲ့သို့ပင် မြန်မာလူမျိုးများသည် တစ်နေ့လျှင် သုံးနပ်ခန့် စားသုံးကြပြီး မနက်စာဖြင့် စတင်ပါသည်။ သို့သော် ခေတ်မီသော အရှိန်အဟုန်မြန်သည့် နေထိုင်မှုပုံစံကြောင့် ကျွန်ုပ်တို့သည် မနက်စာကို ကျော်တတ်ကြပြီး၊ စားဖြစ်လျှင်လည်း ကစီဓာတ်နှင့် အဆီများသော အစားအစာများဖြင့် ပြည့်နေတတ်သည်။ ပုံမှန် မြန်မာ့မနက်စာဖြစ်သော ဆန်ပြုတ်၊ အသားပါသော ပေါက်စီ၊ ကောက်ညှင်းပေါင်း နှင့် ရိုးရိုးနန်းကြီးသုပ်တို့သည် ၃၉ မှ ၈၇ အတွင်း အဆင့်သတ်မှတ်ချက် ရှိပါသည်။ ထိုအဆင့်သတ်မှတ်ချက်သည် ဘေးထွက်ဟင်းလျာများနှင့် အရံဟင်းခတ်ပစ္စည်းများ ပေါင်းထည့်လိုက်သည့် ပမာဏကို ထည့်သွင်းစဉ်းစားထားခြင်း မရှိသေးဘဲ၊ ဆီးချိုရောဂါရှိများအတွက် များများစားသုံးရန် မသင့်လျော်လှပေ။ ကြက်ဥကြော်ကဲ့သို့သော အစားအစာသည် GI နည်းပါးသော်လည်း ကိုလက်စထရော မြင့်မားသောကြောင့် စားသုံးသည့် ပမာဏကို ထိန်းချုပ်ကာ မကြာခဏ စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။1, 2

နေ့လည်စာ 

မြို့ပြပုံစံကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မြန်မာရိုးရာအစားအစာများသည် ဆီများခြင်းနှင့် အချိုမှုန့် (MSG) တို့နှင့် ကင်းလေ့မရှိခဲ့ပေ။ သွေးတွင်းအချိုဓာတ်အညွှန်းကိန်းတွင် ပုံမှန် ဟင်းနှင့်ထမင်းတွဲဖက် စားသုံးခြင်းသည် အနည်းဆုံး ၈၂ ခန့် အဆင့်သတ်မှတ်ထားပါသည်။ ထပ်မံ၍ဆိုရသော် မြန်မာ့ထမင်းဝိုင်းများတွင် ပါလေ့ရှိသည့် အခြားအရံဟင်းများကို ထည့်သွင်းရေတွက်ခြင်း မရှိသေးပေ။ GI နည်းသော ပါဝင်ပစ္စည်းများ (ဥပမာ- အသီးအရွက်ကြော် သို့မဟုတ် ငါးပိရည်တို့စရာများ) သည် ပင်မဟင်းလျာဖြစ်သော်ငြားလည်း အရသာရှိစေရန်အတွက် ဆိုဒီယမ် (ဆားဓာတ်) နှင့် ဆီပမာဏ မြင့်မားလေ့ရှိပါသည်။ ဆီးချိုသွေးချိုရောဂါရှိသူများသည် သွေးကြောများကို ထိခိုက်ပျက်စီးစေနေသောကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများသည်။ ထို့ကြောင့် အစားအစာရှိ ဆိုဒီယမ်ပမာဏကိုပါ ဂရုစိုက်ရန် အရေးကြီးပါသည်။1, 2

ညစာ

လူကြီးအများစုသည် စောစော ညစာစားသုံးခြင်း သို့မဟုတ် ညနေ ၆ နာရီမတိုင်မီစားသုံးခြင်းသည် အမှန်တကယ် ပညာရှိရာရောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ညစာ နောက်ကျမှ စားသုံးလေလေ သွေးတွင်းသကြားဓာတ် တည်ငြိမ်မှု မရှိလေလေ ဖြစ်ပါသည်။ မြန်မာ့ညစာ စားပွဲတစ်ခုသို့ ဖိတ်ကြားခံရဖူးပါက နေ့လယ်စာနှင့်တူညီပြီး အသား၊ ဟင်းနှင့် အခြားအရံဟင်းများစွာ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ အဘိုးအဘွားများခေတ်က အာဟာရကြွယ်ဝသော ရွေးချယ်မှုများ ရှိခဲ့သော်လည်း ယခုခေတ်တွင်မူ ပြန်လည်သန့်စင်ထားသော ကောက်ပဲသီးနှံများနှင့်  စားအုန်းဆီဖြင့် ပြုလုပ်ထားသည့် အချိုမှုန့်များစွာပါသောအစားအစာများသည် GI တွင် နည်းပါးနေနိုင်သော်လည်း ကိုလက်စထရော မြင့်မားကာ သွေးပေါင်ချိန်ကို မြင့်တက်စေပါသည်။ ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော ဟန်ချက်အပေါ် သက်ရောက်မှုရှိသောကြောင့် ၎င်းအစားအစာများကို စားသုံးရန် မသင့်တော်ပါ။1, 2

ပါးနပ်သော ရွေးချယ်မှုများ

လူတစ်ဦးစီ၏ ခန္ဓာကိုယ်သည် အလုပ်လုပ်ပုံချင်း မတူညီသော်လည်း ယေဘုယျအားဖြင့် ပုံမှန် အစားအစာ စားသုံးချိန် တစ်သမတ်တည်း ထားရှိပါ။ အဘယ်ကြောင့်ဆိုသော် အစာစားသည့်အချိန်သည် သင်စားသုံးသောအစားအစာကဲ့သို့ အရေးကြီးသည်။ ဆီးချိုသွေးချိုရောဂါရှိသူတစ်ဦးဖြစ်သည့်အတွက် ဆန်ကို လုံးဝမစားရဟု မဆိုလိုပေ၊ ထမင်းငှဲ့ချက်ခြင်း သို့မဟုတ် ပြုပြင်မှုနည်းသော (အချောမကိုင်ထားသော) ဆန်ကို ရွေးချယ်ပါ။ အဘယ်ကြောင့်ဆိုသော် ဆန်ကို ပြုပြင်ထားမှု ပိုများလေလေ သွေးတွင်းသကြားဓာတ် ပိုများစေလေလေ ဖြစ်ပါသည်။ စားအုန်းဆီမဟုတ်သော စားသုံးဆီကို ရှာရန်ခက်ခဲနိုင်သော်လည်း ချက်ပြုတ်ရာတွင် ဆီပမာဏကို လျှော့ချပါ။ ပရိုတင်းဓာတ်သည် GI မြင့်မားမှု မရှိသောကြောင့် အထူးသဖြင့် နေ့လယ်စာစားချိန်တွင် အဆီများသော ဝက်သား သို့မဟုတ် ဆီပြန်ဟင်းများထက် ကင်ထားသော သို့မဟုတ် ပြုတ်ထားသော အဆီပါဝင်မှုနည်းပါးသောအသားများ နှင့် ငါးကို ရွေးချယ်ပါ။ သင်သည် မြန်မာလူမျိုးဖြစ်သောကြောင့် ငါးပိမပါဘဲ မနေနိုင်ပါက တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ထက် ပို၍ မစားသုံးသင့်ပါ။1, 3

ဆီးချိုသွေးချိုရောဂါကြောင့် အစားအစာ ထိန်းညှိမှု ၌ အာဟာရဓာတ်များ မရရှိမှုအတွက် ပြင်ပမှ အာဟာရဖြည့်စွက်စာများသည် ရွေးချယ်စရာတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် Glucerna မှ အာဟာရဖြည့်စွက်စာများသည် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်များနှင့် အမျှင်ဓာတ်ဖြင့် တွက်ချက်ဖော်စပ်ထားသောကြောင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး ဗိုက်ပြည့်တင်းမှုကို ကြာရှည်စေပါသည်။

Glucerna ကို အချို့သော အစားအစာများအတွက် အစားထိုးစာတစ်ခုအဖြစ် သို့မဟုတ် တွဲဖက်စားသုံးစရာတစ်ခုအဖြစ် သောက်သုံးခြင်းဖြင့် သင်၏ ဆီးချိုသွေးချိုရောဂါကို အချိန်ကြာကြာစီမံခန့်ခွဲနိုင်ဖို့  ကူညီပေးနိုင်ပါသည်။