ကျွန်ုပ်တို့ ယုံကြည်ထားကြသော ဆီးချိုသွေးချိုရောဂါနှင့် စပ်လျဥ်းသည့် အယူအဆအလွဲများ။

ကျွန်ုပ်တို့ ယုံကြည်ထားကြသော ဆီးချိုသွေးချိုရောဂါနှင့် စပ်လျဥ်းသည့် အယူအဆအလွဲများ။

Banner
Banner
Banner

ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်၍ လူတိုင်းတွင် ကိုယ်ပိုင်ထင်မြင်ချက်များ ရှိကြသည်။ ယဉ်ကျေးမှုတိုင်းတွင် ကျန်းမာရေးကို ထောက်ပံ့ရန်နှင့် ကုသရန်အတွက် ကိုယ်ပိုင်ယူဆချက်များ ရှိကြသည်။ အမှန်မှာ စားသောက်မှုပုံစံ အားလုံးသည် လူတိုင်းအတွက် မသင့်လျော်ပါ။ မကြာသေးမီက ရောဂါရှာဖွေတွေ့ရှိသည်ဖြစ်စေ၊ ရောဂါရှိနှင့်ပြီးသားဖြစ်စေ ဆီးချိုရောဂါနှင့် နေထိုင်ရခြင်းသည် စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။ ကုသမှုနှင့် မည်သူများတွင် ဖြစ်ပွားနိုင်သည်ဟူသော အယူအဆအလွဲများစွာရှိရာ ကျွန်ုပ်တို့သည် အများဆုံးတွေ့ရသော အထင်အမြင်လွဲမှားမှု သုံးခုကို
ဆွေးနွေးပါမည်။1, 5

အယူအဆအမှား- ဆေးမသောက်ရလျှင် ဆီးချိုသွေးချိုရောဂါသည် အပျော့စားသာ ဖြစ်သည်။

အချို့က ဆီးချိုသွေးချိုရောဂါသည် 'လူကြီးရောဂါ' ဖြစ်သည်ဟု ယုံကြည်ကြသော်လည်း ယနေ့ခေတ်တွင် လွယ်လင့်တကူစားသုံးနိုင်သော အစားအစာများကို စားသုံးသည့် နေထိုင်မှုပုံစံကြောင့် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သည်။ ကိုယ်အလေးချိန် ပိုနေသူများတွင် ပိုမိုဖြစ်နိုင်ခြေရှိသော်လည်း သွေးတွင်း ဂလူးကို့စ်အဆင့်ကို မထိန်းညှိပါက ကျန်းမာသော 
ကိုယ်အလေးချိန် ရှိသူပင် ဖြစ်နိုင်သည်။ သင့်ဆီးချိုရောဂါအတွက် ဆေးမသောက်ရ
သော်လည်း နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း သို့မဟုတ်
ခြေလက်ဆုံးရှုံးခြင်း စသည့် ပြင်းထန်သော ကျန်းမာရေး နောက်ဆက်တွဲ
ပြဿနာများဆီသို့ ဦးတည်သွားနိုင်ပါသည်။1, 2, 3

အယူအဆအမှား-ဆီးချိုသွေးချိုဖြစ်တာဟာ သင့်အမှားဖြစ်သည်။

ဆီးချိုသွေးချိုရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ပေါ်လာနိုင်ပြီး ရောဂါရှာဖွေတွေ့ရှိနိုင်သောကြောင့် အပြစ်အားလုံးကို လူနာအပေါ် ပုံချ၍မရပါ။ အမျိုးအစား ၁ သည် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပြီးလက်ရှိတွင် မန်းမှုတ်ခြင်းများ သို့မဟုတ် ကာကွယ်ခြင်း နည်းလမ်းများ မရှိပါ။ အမျိုးအစား ၂ အတွက် မျိုးရိုးဗီဇအချက်အလက်များ (၎င်းမှာ မျိုးရိုးလိုက်ခြင်း သို့မဟုတ်
သင့်အနေဖြင့်ပိုမိုဖြစ်ပွားလွယ်ခြင်း) စသည့် မျိုးရိုးဗီဇဆိုင်ရာ အချက်များသည် နေထိုင်မှုပုံစံ
ရွေးချယ်မှုများ၊ အစားအစာ အရည်အသွေး ရရှိနိုင်မှု ပါဝင်နေပြီး ၎င်းတို့အားလုံးသည် ရောဂါ
ဖြစ်ပွားနိုင်ခြေနှင့် ဆက်စပ်နေပါသည်။ လူအများစုက သင့်အား ရောဂါရှာဖွေတွေ့ရှိပြီးသည်နှင့်
ဘဝသည် ပျော်ရွှင်စရာ မကောင်းတော့ဘဲ ရွေးချယ်စရာများ မရှိတော့ဟု ယုံကြည်စေလိုကြသည်။
မှန်ပါသည်၊ သင်ပိုမိုရွေးချယ်ရပါမည်၊ သို့သော် လုံးဝ ကန့်သတ်ရမည်ဟု မဆိုလိုပါ၊ သင်သည် ပမာဏကိုသာ ဂရုစိုက်ရန် လိုအပ်ပြီး အထူးသဖြင့် သကြားနှင့် ကစီဓာတ်တို့အတွက်
ဖြစ်ပါသည်။1, 3

အယူအဆအမှား- သင် "အထူး" အစားအစာ လိုအပ်သည်။

ဆီးချိုသွေးချိုရောဂါရှိသူများအတွက်ဟု ကြော်ငြာထားသော ချောကလက်၊ အချိုပွဲများနှင့် အသင့်စား အစားအစာများသည် "သကြားမပါဝင်" ရန် ဖြစ်သော်လည်း ၎င်းသည် သင့်အတွက် သင့်လျော်သည်ဟု မဆိုလိုပါ။ ၎င်းတို့သည် ဈေးကြီးပြီး သကြားသည် ရန်သူမဟုတ်ပါ၊ ကျွန်ုပ်တို့ မည်မျှ စားသုံးသည် ဆိုသည်သာ အရေးကြီးပါသည်။ သင်သည် ပိုမိုရွေးချယ်ရသော်လည်း ကျန်းမာသော အစားအသောက်၏ သဘောတရားသည် အတူတူပင်ဖြစ်သည်။ ဆီးချိုသွေးချိုရောဂါရှိသူများ ဂရုပြုရမည့် အပိုင်းမှာ ကစီဓာတ်ဖြစ်ပြီး အစားအစာများ၏ အချိုဓာတ်အညွှန်းကိန်း အဆင့်သတ်မှတ်ချက်ကို လေ့လာခြင်း ဖြစ်သည်။3, 4 အစားအစာတစ်ခုသည် သွေးတွင်း အချိုဓာတ်ကို မည်မျှမြန်မြန် မြှင့်တင်ပေးနိုင်သည်ကို ၀ မှ ၁၀၀ အတွင်း အဆင့်သတ်မှတ်ရာတွင် ဆီးချိုသွေးချိုရောဂါရှိသူများသည် အချိုဓာတ်နည်းသော အပိုင်းကို ရွေးချယ်ရပါမည်။ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ ငါး၊ ဥများ၊ အဆီပါဝင်မှုနည်းပါးသော အသားနှင့် အဆီနည်းသော နို့ထွက်ပစ္စည်းများကို ပမာဏများများ ထည့်သွင်းစားသုံးခြင်းဖြင့် ဗိုက်ပြည့်တင်းမှုကို ပိုမိုကြာရှည်စေမည်။2, 3

အစားအစာတစ်ခုတည်းကသာ သင်၏အာဟာရ ရွေးချယ်မှုများကို ကန့်သတ်လွန်းနေသည်ဟု ခံစားရပါက ဖြည့်စွက်စာများသည် လိုအပ်သည်များကို ဖြည့်ဆည်းရန် ကူညီနိုင်ပါလိမ့်မည်။
သွေးတွင်း အချိုဓာတ်ကို အလွန်လျှင်မြန်စွာ မမြင့်တက်စေရန် ဆီးချိုသွေးချိုရောဂါရှိသူများ
အတွက် သီးသန့် ဖော်မြူလာများ ဖြစ်ကြောင်း သေချာပါစေ။ ဥပမာအားဖြင့် Glucerna သည်
ဆီးချိုသွေးချိုရောဂါရှိသူ လူကြီးများအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားသည် ဖြစ်ပြီး၊
ဗီတာမင်နှင့် သတ္တုဓာတ် ၂၈ မျိုး (ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသော ဗီတာမင် ဒီ
ကဲ့သို့သော အဓိက အာဟာရဓာတ်များ အပါအဝင်)၊ နှလုံးကျန်းမာရေးအတွက် အဆီဓာတ်များနှင့်
သွေးတွင်း အချိုဓာတ်ကို ထိရောက်စွာ ထိန်းညှိရန် ကူညီပေးမည့်# အသစ်နှင့်
ပိုမိုကောင်းမွန်လာသော ကစီဓာတ်စနစ်## တို့ဖြင့် ပေါင်းစပ်ထားသည်။ အင်ဆူလင် လုပ်ဆောင်ချက်ကို အတုယူကာ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို တိုးမြှင့်ပေးသည့်
ကစီဓာတ် တစ်မျိုးဖြစ်သော Myo-inositol^,4 ၈၀၀ မီလီဂရမ် ပါဝင်သောကြောင့် Glucerna ကို သင်၏ အစားအသောက်တွင် ပုံမှန် ထည့်သွင်းစားသုံးခြင်းသည် ၄ ပတ်အတွင်း သွေးတွင်း အချိုဓာတ်ကို ထိန်းညှိရန် ကူညီနိုင်ပါသည်။+^^5

ဆီးချိုသွေးချိုရောဂါနှင့် ကောင်းမွန်စွာ နေထိုင်လိုပါက ပြဿနာများ၊ အန္တရာယ်ဖြစ်နိုင်ခြေ အချက်များ၊ ရောဂါလက္ခဏာများကို သေချာသိရှိခြင်းနှင့် သင်စားသည့်အရာကို သတိထားခြင်းတို့သည် သင့်အား အထောက်အကူပြုမည် ဖြစ်ပါသည်။ မည်သည်က မှန်ကန်သနည်း။ မည်သည်က မမှန်ကန်သနည်း။ မည်သို့ပင်ဖြစ်စေ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုသည် လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီပါဝင်မှုနည်းပါးသော အသားများ၊ အရည်အသွေးမြင့် ပရိုတင်းများ နှင့် ဖြည်းဖြည်းချင်း ထုတ်လွှတ်သော ကစီဓာတ် ရွေးချယ်မှုများ (GI နည်းသော အစားအစာများ) ကို ရွေးချယ်ခြင်းဖြင့် စားသောက်မှုပုံစံ အားလုံးတွင် တူညီနေပါသည်။ ပိုမိုအထောက်အကူဖြစ်စေရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် ဆရာဝန်များ
ညွှန်းဆိုသည့် နံပါတ် ၁ ဆီးချို အာဟာရဖြည့်စွက်စာ+ ဖြစ်သော Glucerna ကို သင်၏
အစားအသောက်တွင် ထည့်သွင်းပြီး ပထမနေ့မှစ၍ စတင်လုပ်ဆောင်ပါ**။ 

ကိုးကားချက်များ
1. https://www.mana.md/common-misconceptions-about-diabetes/
2. https://www.bhf.org.uk/informationsupport/heart-matters-magazine/nutrition/myths-about-diet-and-diabetes
3. https://www.medicalnewstoday.com/articles/medical-myths-all-about-diabetes#2.-Diabetes-is-not-serious
4. https://abbottfamily.com.sg/articles/diabetes/inositol
5. https://glucernamyanmar.com/

#    Chee et al. BMJ Open Diabetes Res Care. 2017; +Peng et al. 2019..
**   Glucerna has been shown to lower postprandial rises in blood glucose (Devitt et al. J Diabetes Res Clin Metab. 2012;  Luo et al. J Diabetes Mellitus. 2012; Mottalib et al. Nutrients. 2016; Davila et al. Nutrients. 2019.)
+  “IQVIA, using the ProVoice Survey, fielded to 12,854 physicians from December 2023 through November 2024 and recorded the OTC product recommended most often in the Diabetic Nutrition Supplement category, has validated the following claim at a 99% confidence level.” 
^^ +Peng et al. 2019.
##  Jenkins et al. Diabetologia. 1982
MMR.2025.67085.GLU.1 (v1.0)